အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်း တစ်ဒေါ်လာကို ၁၇၅၀ ကျပ် သတ်မှတ်ပြီး စက်တင်ဘာ ၂၀ ရက် ဒီနေ့မှာ ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။
အခုစက်တင်ဘာလအတွင်း တတိယအကြိမ်အဖြစ် ထုတ်ရောင်းချခြင်းဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ကန်ဒေါ်လာ ၁၅ သန်း၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကန်ဒေါ်လာ ၈ သန်း နဲ့ စုစုပေါင်း သုံးကြိမ်ထုတ်ရောင်းချပြီး ဖြစ်ပါတယ်။
သုံးကြိမ်လုံးမှာ လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၇၅၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်ယခုလအတွင်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေရောင်းချမှုစုစုပေါင်း ကန်ဒေါ်လာ ၃၈ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။
လတ်တလော ပြင်ပငွေလဲကောင်တာ ဈေးကွက်မှာတော့ ကန်ဒေါ်လာ ငွေလဲနှုန်းက တစ်ဒေါ်လာကို ၂၀၁၀ ကျပ် ဝန်းကျင် ဈေးနှုန်း ဖြစ်ပေါ်နေပါတယ်။
****************************************************************
END / 251
၂၀ စက်တင်ဘာ ၂၀၂၁ - ၁၈:၅၉
News ID: 1181812
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို လေလံအတွက် ပျမ်းမျှ ငွေလဲနှုန်း တစ်ဒေါ်လာကို ၁၇၅၀ ကျပ် သတ်မှတ်ပြီး စက်တင်ဘာ ၂၀ ရက် ဒီနေ့မှာ ထပ်မံထုတ်ရောင်းချခဲ့ပါတယ်။