အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ တင်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ စအီးဒ် ခသီးဗ် အနေဖြင့် မိမိ ၏ Twitter တွင် ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေ ညီလာခံ အစည်း အဝေး အကြောင်း ပြောကြားရင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီးရန် ၏ စေ့စပ်ဆွေးနွေးပွဲ အကြောင်းကို လည်း ပြောကြားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေး ဝန်ကြီး အမီးရ် အဗ်ဒွလ္လာဟ်ဟီးရန် အနေဖြင့် နယူးယောက်မြို့ တွင် ဂျာမနီ ၊ သြစတြီးယား ၊ ခရိုအေးရှား နှင့် ဆွစ်ဇာလန် နိုင်ငံခြားရေး ဝန်ကြီးများ နှင့် တွေ့ဆုံ ၍ စေ့စပ် ဆွေးနွေး ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှ ဆက်လက်ပြီး စေ့စပ်ဆွေးနွေးပွဲ တွင် နှစ်နိုင်ငံဆက်ဆံရေး ၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စ ရပ်များကို ဆွေးနွေးခဲ့ ကြောင်း ပြောကြားပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူ စအီးဒ် ခသီးဗ် အနေဖြင့် ဆက်လက်ပြောကြားသည် မှာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အမီးရ် အဗ်ဒွလ္လာဟ်ဟီးရန် အနေဖြင့် နယူးယောက်မြို့ တွင်အီရတ် နှင့် ဗင်နီဇွဲလား နိုင်ငံခြား ရေးဝန်ကြီး တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း ဖြစ်ပါတယ်။
သိရှိရမည့် အချက်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အနေဖြင့် ၇၆ ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်း အား အွန်လိုင်း မိန့်ခွန်းအဖြစ် အင်္ဂါနေ့ က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
အီရန် သမ္မတ အနေဖြင့် ကမ္ဘာ ကိစ္စအရပ်ရပ်နှင့်ပတ်သက်ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အမြင်များ နှင့် အယူအဆများကို တင်ပြခဲ့ပါတယ်။