အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့၌ စစ်ကောင်စီတပ်နှင့်တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။
နံနက် ၉ နာရီအချိန်တွင် အင်အား ၂၀၀ ခန့်ဖြင့် ဒေါငံခါးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာတို့တွင်
ရင်ဆိုင်တိုက်ပွဲများဖြစ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၏ ကြေညာချက်တွင်ပါရှိသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြုသည့်အပြင်နေအိမ်အချို့ကို ဖျက်ဆီးပြီး နေရာယူထားသည်ဟုလည်း ပါရှိသည်။
***********************************************************************
END / 251