အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) ၏ နူးရ် (ခ) ကျက်သရေ မင်္ဂလာရှိ သည့် တင်ပြမှု လာရှိပါသည်။ ၎င်းတင်ပြမှု တွင် ကေယာမသ် လောက ၊ မဲဟ်ရှရ်နေ့ ထိုနေ့တွင် ကျမ်းတော်မြတ်ကုရ်အာန် နောက်လိုက်နောက်သားများ မိမိတို့ လုပ်ရပ်များ ကို ကျေနပ်မည့် ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် မျက်နှာလွဲသွား သူများကို ပြစ်ဒဏ်ပေးမည့် သတင်း ပါဝင်ပါသည်။ လူထုအား ဤကဲ့သို့ ဆိုဆုံးမတော် မူသည်။
فَکُونُوامِنْحَرَثَةِالْقُرآنِوَاَتْبَاعِهِ[1]
ကျမ်းတော်မြတ်ကုရ်အာန် ၏ နောက်လိုက်နောက်သားများ မှ ဖြစ်ပါစေ။
وَاستَدِلُّوہُعَلیٰرَبِّکُم.
ကျမ်းတော်မြတ်ကုရ်အာန် အားမိမိအား ဖန်ဆင်းမွေးမြူတော်မူသည့်အရှင် အပေါ် သက်သေ အထောက် အထား အဖြစ်သတ်မှတ်ပါ။ အလ္လာဟ်ဟို အရှင်မြတ် အား ဤ နှုတ်ကပတ် တော် ဖြင့် သိရှိနားလည်ပါလေ။ အလ္လာဟ်ဟို အရှင်မြတ် ၏ ဂုဏ်တော်များ ကို ကျမ်းတော်မြတ် ကုရ်အာန် ကို အကြောင်းပြုပြီး နားလည်အောင်ပြုပါ။ ကျမ်းတော် မြတ်ကုရ်အာန် အသင်တို့ အား အလ္လာဟ်ဟို အရှင်မြတ် ဘက်သို့ လမ်းပြနေသည့် လမ်းပြ ဖြစ်ပါသည်။ ဤ အလ္လာဟ် ဟိုအရှင်မြတ် ၏လမ်းပြ ဖြင့် ၎င်းကို ပို့ဆောင်ပေးသည့် အရှင် အလ္လာဟ်ဟို အရှင်မြတ် ၏မအ်ရေဖသ် (အသေအချာ အတွင်းကျကျ သိရှိနားလည်သဘောပေါက်ခြင်း) အတွက် အသုံးပြုရပါမည်။ ကျမ်းတော်မြတ် ကဖော်ပြ မိတ်ဆက်ပေးသည့် အလ္လာဟ် ဟို အရှင်မြတ် အပေါ် သက်ဝင် ယုံကြည်ရပါမည်။
وَاسْتَنْصِحُوهُعَلٰیأَنفُسِکُمْ .
အို လူသားအပေါင်းတို့ … အသင်တို့ အားလုံးအတွက် ကောင်းတာကိုဘဲ လိုလားသူ ၊ ကိုယ်ချင်း စာနာသူ တစ်ယောက်တော့ လိုပါသည်။ ထိုမှသာ အသင်တို့ အရေးကြီး သည့် အချိန် များ အသင်အား ဆိုဆုံးမ ပေးရန် ဖြစ်ပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် အား မိမိ အတွက် ပြုပြင်တည်းမတ် ပေးသူ ၊ အကောင်းကိုသာ လိုလားသူ အဖြစ် သတ်မှတ်ရပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ အကောင်းကိုသာ လိုလားသည့် ဆိုဆုံးမစကားများ အပေါ် လိုက်နာ ကျင့်သုံးရပါမည်။ အကြောင်း မှာ ကျမ်းတော်မြတ် ကုရ်အာန် သည် အသင်အပေါ် လုံးဝ ဥဿုံ သစ္စာမဖောက် ၊ အလွဲသုံးစား မလုပ် သည့် ပြုပြင် တည်းမတ်ပေးသူ နှင့် ကိုယ်ချင်းစာနာ သူ ဖြစ်ပါသည်။ အားလုံးထက် ပိုမိုပြီး ကောင်းမွန်စွာ ဖြောင့်မတ် မှန်ကန် သည့် လမ်းမှန် ဘက်သို့ အသင်အား လမ်းပြပါသည်။
ဤအတွက်ကြောင့် ဟဇရသ် အလီ (အ.စ) အနေဖြင့် မွတ်စလင်မ်များ နှင့် လောကီ လောကုတ္တရာ (ခ) အာခေရသ် တွင်ကံကောင်း ပျော်ရွှင်မှု ကို လိုလားသူများ ဆိုဆုံးမတော်မူ ထားပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် မိမိ၏ လမ်းပြ အဖြစ် သတ်မှတ်ပါ ။ ကျမ်းတော် မြတ်ကုရ်အာန် ၏ ရိုးသား ဖြူစင် စွာဖြင့် ပြုထားသည့် ဆိုဆုံးမ မှုများ ကို နားထောင် ရပါမည်။ အကြောင်းမှာ -
إنّهٰذَاالْقُرآنَیَهْدِیلِلَّتِيهيأَقوَمُوَیُبَشِّرُالمُؤمِنِینَالَّذِینَیَعمَلُونَالصَّالِحَاتِأَنَّلَهُمأَجرًاکَبِیراً[2].
အဓိပ္ပာယ် ။ ။ ဧကန်မုချ ဤကျမ်းတော်မြတ်ကုရ်အာန် သည် လုံး ဖြောင့်မတ် မှန်ကန် သည့် လမ်းမှန်ကို သာ ညွှန်ပြတော်မူ၏။ ကောင်းမြတ်သည့် လုပ်ရပ်များ ကို လုပ်ဆောင်သည့် အီမာန် (ခ) သက်ဝင်ယုံကြည်သူများ ကို သတင်းကောင်း ပေးပါသည်။ ၎င်းတို့ အတွက် အလွန် တရာ ကြီးမားသည့် ဆုလာဒ် ရှိပါသည်။
ဤနေရာတွင် အလေးအနက် ထားရမည့်အချက်ရှိပါသည်။ ထိုအချက်ပါ ဤ အာယသ် တော်၏ ခေါင်းစဉ်အပေါ် သက်ဝင် ယုံကြည်ရန် နှင့် နှလုံးသား နှင့် အသက် (သို့မဟုတ်) ကိုယ်ရော စိတ်ပါ ယုံကြည်ချက်များ ထားရန် အရေးကြီးပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် နှင့်ပတ်သက်ပြီး ဤကဲ့သို့ အီမာန် (ခ) သက်ဝင်ယုံကြည်မှု နှင့် ယုံကြည် ချက်များ သည် မနုဿလူသား၏ရူဟ် (ခ) ဝိညာဉ်အပေါ် မလွမ်းမိုး နိုင်သ၍ ပြီးနောက် မနုဿလူသားအနေဖြင့် မိမိကိုယ်ကို အပြည့်အဝ ၊လုံးလုံးလျားလျား အလ္လာဟ်ဟို အရှင်မြတ် ကို မအပ်နှံသ၍ ပြီးနောက်မိမိ ၏ အတွေးချော် အတွေးမှား ၊တစ်ကိုယ် ကောင်းဆန်မှု ၊ စိတ်အလို ဆန္ဒများကို လိုက်မှု တို့အား သန့်စင်အောင် စင်ကြယ် အောင်မပြု သ၍ အချိန်တိုင်း ရှိုင်တွာန် (ခ) မာရ်နတ်မှ ဇဝေဇဝါ ဆိုသည့် ထောင်ချောက်တွင် မိနိုင်ပါ သည်။ပြီးနောက် လမ်းမှားလမ်းမှား သွားပေမည်။ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် ဘက်သို့ ဦးလှည့်သည့်အခါတွင်လည်းမလိုချင်ပေမဲ့လည်း မိမိ၏ အလိုဆန္ဒများ နှင့် ကိုက်ညီ သည့် သဘောတွေ့သည့် အကြောင်းအရာများ အာယသ်တော်များ ရှာဖွေပေမည်။
ရှင်းနေပါသည်။ ကျမ်းတော်မြတ် ကုရ်အာန်၏အဲဟ်ကာမ်(ခ) ဥပဒေများအားလုံးနှင့် အဆို အမိန့်များ သည် မနုဿ လူသား ၏ လိုအင်ဆန္ဒများ(ခ) လိုချင်ဆန္ဒများ နှင့် တိရစ္ဆာန် ပမာ ဆန္ဒများ အရ မဟုတ်ချေ။ မနုဿ လူသားအနေဖြင့် မိမိ၏ သဘာဝ တရား အရ လိုအင် ဆန္ဒများ ရှိပါသည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် လည်း မိမိ၏ လိုအင်ဆန္ဒ များအတိုင်း ဖြစ်ဖို့ လိုချင်ကြပါသည်။ ဤအတွက်ကြောင့် သဘာဝတရားဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် အနေဖြင့် မနုဿ လူသား၏ တိရစ္ဆာန် ဆန်သည့် ဆန္ဒများ နှင့် လိုချင်ဆန္ဒ များ ၏ဆန်ကျင့်ဘက် မိန့်တော်မူသည့် အခါ မနုဿ လူသား အနေဖြင့် အနည်း ငယ်မျှပင် မပျော်ရွှင်ချေ။ သဘောမကျပေ။ ကျမ်းတော်မြတ် ၏ အာယသ်တော် များအား မနုဿလူသား ၏ လိုအင်ဆန္ဒ များ နှင့် အညီ ဖြစ်လျှင် ပြုံးရွှင်စွာဖြင့် ကြိုဆို ကြပါ သည်။
ဟုတ်ပါသည်။ ဤ ရှိသမျှ အလုပ်များ နှင့် အကျိုးသက်ရောက်မှုများ အားလုံး သည် အတွင်း တွင် တိတ်တဆိတ် လုပ်ဆောင် နေပါသည်။ သို့သော် ၎င်းအကျိုး အာနိသင်များသည် မနုဿလူသားများ ၏ ပြောဆိုချက်များ နှင့် လုပ်ဆောင်ချက်မှု တွင် ထင်ရှား စွာ ပေါ်လွင် စေပါသည်။ ဤအတွက်ကြောင့် အသိဥာဏ် မှ ဤအချက်အား မပြုမနေ ပြုရမည်ဟုသတ်မှတ်ပါသည်။ ထိုအချက်မှာ မနုဿ လူသား အနေဖြင့် ကျမ်းတော် မြတ် ကုရ်အာန် ဘက်သို့ သီးမလှည့်မှီ အလျှင် မိမိ၏ ဦးနှောက် အား တစ်ကိုယ် ကောင်းဆန် မှု အမျိုးမျိုး နှင့် အတွေး ချော် အတွေးမှားတို့ ကို သန့်စင်အောင် သန့်ရှင်း အောင်ပြုရပါမည်။ ပြီးနောက် မိမိတို့ ၏ လိုချင် ဆန္ဒများ အားလုံး နှင့် လောဘရမက်များ ကို မျက်နှာ လွဲရမည် ဖြစ်ပါသည်။ ထိုမှသာ အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်ပြီး အလ္လာဟ်ဟို အရှင်မြတ် နှစ်သက်သည့် ရူဟ် (ခ) ဝိညာဉ် နှင့်အတူ ကျမ်းတော်မြတ် ကုရ်အာန် ကျောင်း တော် တွင် ခြေချရ မည်ဖြစ်ပါသည်။ ဤအခြေအနေတွင် မနုဿ လူသား သည် ဒူးထောက် တပည့်ခံ၍ အလွန်တရာ ဝါသနာ ထုံစွာ ၊ စိတ်အား ထက်သန် စွာဖြင့် အလ္လာဟ် ဟို အရှင်မြတ် နှင့်ဆိုင်ရာ အသိပညာ များ ကို သဘောတူလက်ခံပါသည်။
[1]နဲဟ်ဂျိုဗလာဂါကျမ်း ၊ ခွသ်ဗာ အမှတ် ၁၇၅
[2]စူရဟ် အစရာအ် ၊ အမှတ်တော်အမှတ် ၉
####################################################
END / 251