အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာပြီး ကျေးရွာတွေမှာ ရေကြီးမှုတွေ ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူကိုးဦး သေဆုံးပြီး အခြား ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
ပြင်းထန် အပူပိုင်းမုန်တိုင်း ကွန်ပါဆုကြောင့် အောက်တိုဘာ ၁၁ ရက်က လူဦးရေ အသိပ်သည်းဆုံး လူဇွန်ကျွန်းမှာ မိုးသည်းကြီးမည်းကြီး ရွာသွန်းမှုတွေ ရှိခဲ့ပါတယ်။
ကုန်းတွင်းပိတ် တောင်ကုန်းပြည်နယ် ဘန်းဂွက်မှာ မြေပြိုမှုတွေကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ကာဂါယန်ပြည်နယ်မှာ လူတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
လူဇွန်ကျွန်းမှာ လူ ခုနစ်ဦး ပျောက်ဆုံးနေပါတယ်လို့ သိရပါတယ်။
“မြို့ ၁၁ မြို့မှာ ရေကြီးခဲ့ပါတယ်၊ ဒီမနက်မှာတော့ ရေပြန်ကျသွားပါပြီ” လို့ ကာဂါယန်မှ သတင်းပြန်ကြားရေးအရာရှိ ရိုဂီလီယို ဆန်ဒလင်းက အေအက်ဖ်ပီကို ပြောပါတယ်။
မုန်တိုင်းဟာ အနောက်တောင် မုတ်သုံလေကို အရှိန်မြင့်စေခဲ့ပြီး နိုင်ငံအနောက်ပိုင်းကျွန်း ပါလာဝန်မှာ ရှိတဲ့ ကျေးရွာတစ်ရွာမှာ ရုတ်တရက် ရေကြီးမှုဖြစ်လို့ လူ လေးဦး သေဆုံးပြီး အခြား လေးဦး ပျောက်ဆုံးနေပါတယ်။
“ရေနုတ်မြောင်းတွေ ပိတ်ဆို့နေတာ ဒါမှမဟုတ် ရေနုတ်မြောင်းစနစ် မရှိတာတို့ကြောင့် ကျေးရွာ ခုနစ်ရွာကနေ ရှစ်ရွာလောက်အထိမှာ ရေကြီးနေပါတယ်” လို့ ပါလာဝန်ရှိ ပူအာတို ပရင်ဆီဆာမြို့မှ သဘာဝဘေး စီမံခန့်ခွဲမှု အရာရှိတစ်ဦးဖြစ်တဲ့ အားလ် တင်ဘန်ကာယာက ပြောပါတယ်။
“ဒါပေမယ့် ခုကတော့ ရေပြန်ကျနေပါပြီ”ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း မုန်တိုင်းနဲ့ တိုင်ဖုန်းအရေအတွက် ပျမ်းမျှ ၂၀ လောက် တိုက်ခတ်ခံရလေ့ ရှိပြီး အဆိုပါ မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် ဆင်းရဲနွမ်းပါးတဲ့ ဧရိယာတွေမှာ သီးနှံစိုက်ခင်းတွေ၊ အိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။
#############################
END / 251
၁၃ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၂
News ID: 1188496
ဖိလစ်ပိုင်နိုင်ငံမှာ မိုးသည်းထန်စွာရွာပြီး ကျေးရွာတွေမှာ ရေကြီးမှုတွေ ၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးနောက် အနည်းဆုံး လူကိုးဦး သေဆုံးပြီး အခြား ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။