၁၃ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၅
 မြင့်မြတ် ရာဗလီ နှစ်လုံး ရေးရာ အထွေထွေစီမံခန့်ခွဲရေးဂေါပကရုံးက ဒီနှစ်အတွင်း အမျိုးသမီးဝန်ထမ်း ၂၀၀ကျော်ခန့်အပ်

ဆော်ဒီလူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးအများအပြားပါဝင်လာစေဖို့ မြှင့်တင်ပံ့ပိုးတဲ့ကြိုးပမ်းအားထုတ်မှု အစိတ်အပိုင်းတစ်ရပ်အနေနဲ့ မြင့်မြတ်ရာဗလီနှစ်လုံးရေးရာအထွေထွေစီမံခန့်ခွဲရေးဂေါပကရုံးက ဒီနှစ်မှာ အမျိုးသမီးဝန်ထမ်း ၂၀၀ ကျော်ခန့်အပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က ရီယာ့ဒ်အပြည်ပြည်ဆိုင်ရာစာအုပ်ပြပွဲကို လာရောက်လည်ပတ်စဉ်အတွင်း မက္ကာမြို့က အထွတ်အမြတ်ထားရာဗလီကြီးရဲ့ ဘာသာရေးခေါင်းဆောင်နဲ့ အထွေထွေစီမံခန့်ခွဲရေးဂေါပကရုံး ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အဗ္ဗဒူလ်ရာမန် အီလ်ဆူဒီယက်စ်က ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး အမျိုးသမီးများအခန်းကဏ္ဍနဲ့ ဗလီနှစ်လုံးရေးရာစီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ အမျိုးသမီးများပါဝင်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ဆော်ဒီလူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးအများအပြားပါဝင်လာစေဖို့ မြှင့်တင်ပံ့ပိုးတဲ့ကြိုးပမ်းအားထုတ်မှု အစိတ်အပိုင်းတစ်ရပ်အနေနဲ့ မြင့်မြတ်ရာဗလီနှစ်လုံးရေးရာအထွေထွေစီမံခန့်ခွဲရေးဂေါပကရုံးက ဒီနှစ်မှာ အမျိုးသမီးဝန်ထမ်း ၂၀၀ ကျော်ခန့်အပ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရီယာ့ဒ်အပြည်ပြည်ဆိုင်ရာစာအုပ်ပြပွဲကို လာရောက်လည်ပတ်စဉ်အတွင်း မက္ကာမြို့က အထွတ်အမြတ်ထားရာဗလီကြီးရဲ့ ဘာသာရေးခေါင်းဆောင်နဲ့ အထွေထွေစီမံခန့်ခွဲရေးဂေါပကရုံး ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အဗ္ဗဒူလ်ရာမန် အီလ်ဆူဒီယက်စ်က ဒေသခံတွေနဲ့တွေ့ဆုံခဲ့ပြီး အမျိုးသမီးများအခန်းကဏ္ဍနဲ့ ဗလီနှစ်လုံးရေးရာစီမံခန့်ခွဲရေးလုပ်ငန်းတွေမှာ အမျိုးသမီးများပါဝင်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးပြောကြားခဲ့ပါတယ်။


“ဆော်ဒီဘုရင့်နိုင်ငံမှာ အမျိုးသမီးတွေအတွက်ရှင်းလင်းတဲ့လမ်းကြောင်းရှိပါတယ်။ ဒါကြောင့်ပဲ ပါရဂူဘွဲ့တွေ မဟာဘွဲ့တွေရရှိထားတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသမီးတွေအတွက် အခွင့်အရေးအခွင့်အလမ်းတွေ အာမခံချက်ပေးထားပါတယ်။ အမျိုးသမီးများလုပ်ပိုင်ခွင့်တွေနဲ့ လူငယ်လူရွယ်တွေကို အားပေးအထောက်အပံ့ပြုထားတဲ့ ဆော်ဒီရဲ့၂၀၃၀စီမံကိန်းကို အားပေးထောက်ခံဖို့ ကျွန်တော်တို့ခေါင်းဆောင်တွေနဲ့အတူ ရပ်တည်ပါတယ်။ အမျိုးသမီးတွေဟာ စီမံခန့်ခွဲရေးအဖွဲ့ထဲမှာ အကြီးအကျယ်အောင်မြင်မှုတွေရရှိထားပါတယ် ဒါကိုချီးကျူးဂုဏ်ပြုသင့်ပြီး မီဒီယာတွေမှာအလေးပေး ဖော်ပြသင့်ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“အမျိုးသမီးတွေဟာ ဆော်ဒီဘုရင့်နိုင်ငံထူထောင်တဲ့နေရာမှာ သမိုင်းဝင်အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဆော်ဒီဟာ ၂၀၃၀ စီမံကိန်းကနေ ကျွန်တော်တို့ရဲ့အစ္စလာမ်မစ်တန်ဖိုးတွေနဲ့ အမျိုးသားအမှတ်လက္ခဏာတွေနဲ့အညီ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်တွေပေးအပ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် လူငယ်လူရွယ်တွေဟာ စီမံခန့်ခွဲရေးရုံးထဲမှာ ၉၀%ကိုယ်စားပြုရှိနေသလို တစ်ခြားမတူကွဲပြားတဲ့နယ်ပယ်အများအပြားမှာလည်း ပါဝင်နေကြပြီဖြစ်ပါတယ်” လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ခေါင်းဆောင်တွေရဲ့အဆိုပြုချက်တွေနဲ့ ကျွန်တော်တို့ရဲ့ ဘာသာရေးစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အမျိုးသမီးတွေကို သူတို့ရဲ့တရားသဖြင့်ရသင့်ရထိုက်တဲ့ သင့်လျော်တဲ့နေရာတွေပေးအပ်ဖို့ ကျွန်တော်တို့ကြိုးပမ်းလုပ်ဆောင်နေပါတယ်။” လို့သူကပြောကြားခဲ့ပါတယ်။
Arab News သတင်းဌာနပါ “200 women employed by General Presidency for Affairs of Two Holy Mosques: imam” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


****************************************************************

END / 251