၁၉ အောက်တိုဘာ ၂၀၂၁ - ၂၀:၁၂
 ဖမ်းဆီးခံ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မအေးနန္ဒာစိုးအတွက် ဗကသ စိုးရိမ်

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုး ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးထားတာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၁ လတင်းတင်းပြည့်သွားပြီ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
                 
စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ  မအေးနန္ဒာစိုး ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဖမ်းဆီးထားတာ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ၁ လတင်းတင်းပြည့်သွားပြီ ဖြစ်ပါတယ်။

အခုလို ၁ လပြည့်တဲ့အချိန်ထိ မအေးနန္ဒာစိုးကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မအေးနန္ဒာစိုးဟာ မန္တလေးကနေ တန့်ဆည်-ရေဦး ရှိ သူ့ရဲ့နေအိမ်ကိုအပြန် ကားပေါ်မှာ စက်တင်ဘာ ၁၈ ရက် ညနေက  စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေ ဘက်ကနေ ခွပ်ဒေါင်းအလံကိုကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အစဉ်မပြတ် ဆန့်ကျင်တော်လှန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
#############################      
END / 251