၂၁ အောက်တိုဘာ ၂၀၂၁ - ၁၈:၀၁
ဘင်္ဂလားဒေ့ရှ် ဟိန္နူပွဲတော် အတွင်း အကြမ်းဖက်ပဋိပက္ခဖြစ်ပွားခဲ့ပြီး ၇ဦးသေဆုံး ကျူးလွန်သူ တွေကို ဖော်ထုတ် အရေးယူမယ်လို့ ဝန်ကြီးချုပ် ကတိပြု

ကုရ်အာန်ကျမ်းမြတ်ကို မလေးမစားပြုမတော်မလျော်ပြုတယ်လို့ စွပ်စွဲမှုတွေထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာအသိုင်းအဝန်းကြားအကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဟိန္နူဘုရားကျောင်းဒါဇင်နဲ့ချီ တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ကလူအုပ်ကိုသေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် မွတ်စလင်၅ဦးနဲ့ ဟိန္နူ ၂ ဦး သေဆုံးခဲ့ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ကုရ်အာန်ကျမ်းမြတ်ကို မလေးမစားပြုမတော်မလျော်ပြုတယ်လို့ စွပ်စွဲမှုတွေထွက်ပေါ်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်မှာအသိုင်းအဝန်းကြားအကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဟိန္နူဘုရားကျောင်းဒါဇင်နဲ့ချီ တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ကလူအုပ်ကိုသေနတ်ပစ်ဖောက်ဖြိုခွဲခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် မွတ်စလင်၅ဦးနဲ့ ဟိန္နူ ၂ ဦး သေဆုံးခဲ့ရပါတယ်။


ဗုဒ္ဓဟူးနေ့က ကူမီလာမြို့မှာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကလူအုပ်ကြားပစ်ခတ်မှုကြောင့် မွတ်စလင်လေးဦးသေဆုံးခဲ့ရပြီး ဘာသာရေးတင်းမာမှုတွေ မြင့်တက်လာပြီးနောက် အစိုးရက ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ခရိုင် ၂၂ ရိုင်ဆီ ပို့ဆောင်တပ်ချထားခဲ့ပါတယ်။ သောကြာနဲ့ စနေနေ့တွေမှာလည်း မြို့တော်ဒါးကမှာ အသိုင်းအဝိုင်းကြားပဋိပက္ခတွေထပ်မံဖြစ်ပွားခဲ့ပြီး ဒီဖြစ်ရပ်တွေကြား မွတ်စလင်တစ်ဦးနဲ့ ဟိန္နူနှစ်ဦးသေဆုံးခဲ့ရပါတယ်။


ကုရ်အာန်ကျမ်းမြတ်ကို ဟိန္နူဘုရားဟာနုမန်ရုပ်ထုရဲ့ ဒူးပေါ်မှာတင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဗီဒီယိုတွေ လူမှုမီဒီယာပေါ်မှာပျံ့နှံ့ခဲ့ပြီးနောက် ဒီလိုအကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်အစောပိုင်းမှာ ဒီဗီဒီယိုဖေ့စ်ဘုတ်ပေါ်မှာပျံ့နှံ့ခဲ့ပြီးနောက် ဘာသာရေးစော်ကားမှုစွပ်စွဲချက်တွေနဲ့ လူပေါင်း၅၀၀ကျော် ကူမီလာနဲ့ အိမ်နီးချင်းခရိုင်တွေမှာ စုဝေးခဲ့ကြပါတယ်။ ပြီးတဲ့နောက် လူအုပ်က ဟိန္နူဘုရားကျောင်း၁၀ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီး ဟိန္နူဘုရားရုပ်ထုတွေကို ဖျက်ဆီးခဲ့ကြပါတယ်။


ကူမီလာမှာ ရဲတပ်ဖွဲ့က သေနတ်တွေပစ်ဖောက် မျက်ရည်ယိုဗုံးတွေအသုံးပြုဖြိုခွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ချို့အပါအဝင် လူပေါင်းဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ပါတယ်။ ဟိန္နူဆန့်ကျင်ရေးအကြမ်းဖက်မှုတွေဟာ သောကြာနေ့ နဲ့စနေနေ့ထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဟိန္နူတွေရဲ့ရိုးရာ ဒူရ်ဂါပူဂျာပွဲတော်အတွက် စီစဉ်ထားတဲ့အထူးအဆောင်တွေ ကွန်း ဗိမ္မာန်တွေ ၈၀ကျော်ထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွင်း ဟိန္နူ၁၅၀ခန့်ဒဏ်ရာရရှိခဲ့သလို ၂ဦး အသတ်ခံခဲ့ရပါတယ်။


သောကြာနေ့မှာတော့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ပြင်းပြင်းထန်ထန်တုံ့ပြန်အရေးယူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ “ကူမီလာကဖြစ်ရပ်တွေကို အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ ဘယ်သူ့ ကိုမှညှာတာပေးသွား မှာမဟတုတ်ပါဘူး။ ဘယ်ဘာသာဝင်ပဲဖြစ်နေနေ သူတို့ကိုရအောင်ဖမ်းဆီးပြီး အပြစ်ပေးအရေးယူသွားပါမယ်” လို့ သူမကပြောကြားခဲ့ပါတယ်။ ကုရ်အာန်ကိုစော်ကားမှုဖြစ်စဉ်ကိုလည်းစုံစမ်းစစ်ဆေးသွားမှာဖြစ်ပေမယ့် အသိုင်းအဝိုင်းကြား သဟဇာတဖြစ် လိုက်လျောညီထွေရှိနေမှုကိုကာကွယ်ပေးသင့်ကြောင်းနဲ့ လူတွေအနေနဲ့ တရားလက်လွတ် ဥပဒေမဲ့လုပ်ရပ်တွေမလုပ်ကြဖို့ သာသနာရေးရာဝန်ကြီး မဒ်ဖာရီဒူလ်ဟာ့ဂ်ခန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့အသိုင်းအဝန်းကိုတိုက်ခိုက်ဖို့ လုပ်ကြံထားတဲ့အစိတ်အပိုင်းတွေဖြစ်ကြောင်း ဟိန္နူဘာသာရေးခေါင်းဆောင်တွေက စွပ်စွဲလိုက်ပါတယ်။ ဟိန္နူတွေဟာ မွတ်စလင်အများစုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၁၀%သာရှိတဲ့လူနည်းစုတွေဖြစ်ပါတယ်။


The Guardian သတင်းဌာနပါ Hannah Ellis-Petersen ရေးသားသည့် “Seven dead after violence erupts during Hindu festival in Bangladesh” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



#############################