အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏မွေးနေ့ မင်္ဂလာ အခါသမယ တွင် မြန်မာနိုင်ငံ သားများ သို့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သံအမတ်ကြီးမှ ပေးပို့သည့် သဝဏ်လွှာ
بسم الله الرحمن الرحیم
وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا
တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)၏မွေးနေ့ မင်္ဂလာ အခါသမယနှင့် စည်းလုံးညီညွှတ်ရေးရက်သတ္တပတ်ရောက်ရှိလာခြင်း အပေါ် မွတ်စ်လင်မ်အပေါင်းနှင့်ကောင်းကင်ကျသာသနာနောက်လိုက်များအား မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြား လိုက်ပါ၏။
အသိတရားများချီးမြှင့်သူ၊ မေတ္တာကရုဏာများဖြန့်ဝေသူ၏ကြီးကျယ်ခမ်းနားသောမွေးနေ့မှာ မွတ်စ် လင်မ်များ တရားမျှတမှုကိုဖြန့်ချိရေး၊ မေတ္တာကရုဏာများဖြန့်ကြက်ရေး၊ လူ့အသိုင်းအဝိုင်းအကြားရှိ မတရားမှု ဟူသမျှနှင့်ခွဲခြားဆက်ဆံမှုများကိုဆန့်ကျင်ရေးတို့၌ ကြိုးစားပါဝင်အားထုတ်ခဲ့ကြသည်ကို ကောင်းစွာဖော်ကျူး နေ၏။ ထိုကြိုးစားအားထုတ်မှုများမှာ ကောင်းကင်ကျသာသနာများ၏ဘုံအရင်းအမြစ်များနှင့် အခြေခံမဏ္ဍိုင် ကြီးသုံးရပ်ဖြစ်သည့် “ကောင်းသောအကြံ၊ ကောင်းသောစကား၊ ကောင်းသောအကျင့်”တို့ကို ဗဟိုပြုခြင်း ကြောင့် (၁၄)ရာစုနှစ်ကာလတစ်လျှောက်၌ လူ့အသိုင်းအဝိုင်းကြီးနှင့်သိပ္ပံနယ်ပယ်တို့တွင် တိုးတက်မှုများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့၏။
ဂိုဏ်းဂဏအသီးသီးရှိမွတ်စ်လင်မ်များအနေဖြင့် အချို့သောခံယူချက်များနှင့် ရှရီအသ်တရားဥပဒေရေး ရာတို့တွင်အမြင်ကွဲလွဲကြသော်လည်း အစ္စလာမ်ဟူသည့်အဓိကအရင်းအမြစ်၌ စုရုံးကြ၏။ ကမ္ဘာတစ်ဝန်းရှိ မွတ်စ်လင်မ်များအကြား တူညီသောအရင်းအမြစ်များစွာရှိ၏။ သာဓကအားဖြင့်ဆိုရသော် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုလည်းကောင်း၊ ကောင်းကင်ကျကျမ်းကိုလည်းကောင်း၊ တမန်တော်ကိုလည်းကောင်း သက်ဝင် ယုံကြည်ကြ၏။ ထိုနည်းတူ ကျွန်ုပ်တို့၏ ‘ကိဗ်လဟ်’သည်လည်း တစ်ခုတည်းဖြစ်၏။ ဤသည်ကား ဘာသာ တရားတိုင်းနှင့်ဂိုဏ်းဂဏအသီးသီးတို့၏အခြေခံသဘောတရားများဖြစ်၏။
ယနေ့လိုအချိန်အခါမျိုး၌ ကောင်းကင်ကျသာသနာများအကြားတွင်လည်းကောင်း၊ ယုတ်စွအဆုံး အစ္စလာမ်မဟုတ်သောသာသနာများ သာဓကအားဖြင့် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ စသဖြင့်သော ဘာသာ သာသနာများနှင့်ပင်လည်ကောင်း စည်းလုံးညီညွှတ်၍အချင်းချင်းစာနာကြရန်လိုအပ်ပါ၏။ သမိုင်းတစ် လျှောက်၌ လူသားမျိုးနွယ်၏ရန်သူတစ်စုမှာ လူ့အဖွဲ့အစည်းများအကြားထိုးဖောက်ဝင်ရောက်၍ အကြမ်းဖက် မှုများနှင့်အစွန်းရောက်မှုများကိုဖြန့်ချိခဲ့ကြပြီး လူသားဝါဒဖြစ်သည့်ငြိမ်းချမ်းရေးနှင့်ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးတို့ကို နှောင့်ယှက်ဖျက်ဆီးရန် အစဉ်အမြဲကြိုးစားနေခဲ့ကြသည်။ ဤသို့သောအခြေအနေ၌ လူသား များအကြားမှပင် ရွေးချယ်ခံရသည့် ရှိရှိသမျှသောတမန်တော်များမှာ ဝဟီ၏အကူအညီဖြင့် လူသားများကို ‘သောင်ဟီးဒ်’(အရှင်တစ်ဆူဝါဒ)မဏ္ဍိုင်၌စုစည်းစေခဲ့သည်။ ဤနည်းဖြင့် ‘ကလေမဟ်’တစ်ခုတည်း၊ အင်အားစု တစ်ခုတည်း၊ စနစ်တစ်ခုတည်းတွင် စုစည်းစေခဲ့ပြီး တရားမျှတမှု၊ တန်းတူညီမျှမှု၊ ညီနောင်စိတ်ဓာတ်တို့ကို ရှင်သန်စေကာ လူထုကို စစ်မှန်သောအောင်မြင်မှုဆီသို့ လမ်းညွှန်ပေးခဲ့သည်။
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် မိမိ၏ငြိမ်းချမ်းရေးရပ်တည်ချက်အပေါ်အခြေခံ၍ အစွန်းရောက် မှု၊ အကြမ်းဖက်မှုဟူသမျှတို့ကိုဆန့်ကျင်ပြီး ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများဖြင့်ဖြေရှင်းရန် မျှော် လင့်လိုလားသည်။
တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)၏မွေးနေ့ မင်္ဂလာ အခါသမယ၌ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာခြင်း၊ ကျန်းမာပျော်ရွှင် ခြင်းနှင့်တည်ငြိမ်အေးချမ်းခြင်းများကျရောက်ပါစေကြောင်း အလ္လာဟ်အရှင်မြတ်ထံ ဆုပန်တောင်းခံပါ၏။ မွတ်စ်လင်မ်များအနေဖြင့် ပဋိပက္ခဖြစ်နိုင်သည့်ကိစ္စရပ်များတွင်ပါဝင်ခြင်းတို့မှရှောင်ကျဉ်ပြီး မိမိနှင့်တစ်ပြည် တည်းနေသူများ အခြားသောဘာသာဝင်များနှင့်စည်းလုံး၊စာနာခြင်းတို့ဖြင့် မိမိတို့၏တာဝန်ဝတ္တရားများကို ဖော်ဆောင်နိုင်၏။ ထိုနည်းတူ နိုင်ငံ၏စီးပွားရေး၊ပညာရေးနယ်ပယ်တို့၌ ပိုမိုကြိုးစားပါဝင်ကြပြီး မိမိတို့၏ ဘဝတိုးတက်ကောင်းမွန်ရေးနှင့်ပိုမိုကောင်းမွန်သောအနာဂတ်ကိုရရှိရေးအတွက် အစဉ်အမြဲကြိုးစားနိုင်၏။ အကြောင်းမှာ စည်းလုံးညီညွှတ်ရေးရက်သတ္တပတ်သည် အမှန်တကယ်၌ အချင်းချင်းစာနာခြင်းနှင့်အကောင်း ဆုံးများဆီသို့ခြေလှမ်းရေးအတွက်ဆုံးဖြတ်ချက်ချရန် အစကနဦး ဖြစ်သည်။
ဆရက်ဒ် ရေဇာ နုံဗခ်သီ
မြန်မာနိုင်ငံ နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး
Crd: IR Iran Embassy in Myanmar
****************************************************************
END / 251