၃၀ အောက်တိုဘာ ၂၀၂၁ - ၂၀:၀၈
လက်ဘနွန် ညီအစ်ကိုများ အနေဖြင့် ဆော်ဒီ ၏လုပ်ရပ်အတွက် စိတ်ပူစရာ မလိုပါ / ဆော်ဒီ ဘာမှ မဟုတ်ပါ

ယီမင် အာဏာ ပိုင်များ မှ ဆော်ဒီ ၏ လက်ဘနွန် အပေါ် ရန်လိုသည့် လုပ်ရပ် များ အား ရှုတ်ချ ပြစ်တင်ပြီး ပြောကြားခဲ့ပါတယ်။ လက်ဘနွန် ညီအစ်ကို များ အနေဖြင့်ဆော်ဒီ ၏ လက်ဘနွန် အပေါ် ရန်လိုသည့် လုပ်ရပ်များ အပေါ် ဒုက္ခ သောက ဖြစ်နေစရာ မလိုကြောင်း ဆော်ဒီ တွင် အား မရှိ ကြောင်း ဘာမှ မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ်သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ယီမင် ၏ အဆင့်မြင့် ကောင်စီ ၏ ဥက္ကဋ္ဌ မိုဟမ္မဒ် အလီ အလ်ဟူစီ မှ ဆော်ဒီ ၏ လက်ဘနွန် အပေါ် ရန်လိုသည့် လုပ်ရပ် များ အား ရှုတ်ချ ပြီး ပြောကြားခဲ့ပါတယ်။ လက်ဘနွန် ညီအစ်ကို များ အနေဖြင့်ဆော်ဒီ ၏ လက်ဘနွန် အပေါ် ရန်လိုသည့် လုပ်ရပ်များ အပေါ် ဒုက္ခ သောက ဖြစ်နေစရာ မလိုကြောင်း ဆော်ဒီ တွင် အား မရှိ ကြောင်း ဘာမှ မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။ မိုဟမ္မဒ် အလီ အလ်ဟူစီ မှ ပြေကြားပါသည်။ ဆော်ဒီ သည် လက်ဘနွန် ကုန်ပစ္စည်းများ ကို ဆော်ဒီ သို့ တင်သွင်းခွင့်ကို ပိတ်ထားသလို ဆော်ဒီ ထုတ်ကုန် ပစ္စည်းကို ယီမင် သို့ သွင်းခွင့် ပေးမည် မဟုတ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ထိုအတောအတွင်း ယီမင် နိုင်ငံ ရှိ အစ္စလာမ်မစ် အဖွဲ့ အန်စွရွလ္လာဟ် ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အဗ်ဒွစလာမ် မှ မိမိ ၏ Twitter တွင် ဆော်ဒီ အာရေဗျ ၏ ဒေသဆိုင်ရာ မူဝါဒများကို ရှုတ်ချ ပြီး ဆော်ဒီ အနေဖြင့် အမေရိကန် နှင့် အစ္စရေး အတွက် ကျွန် လုပ်ပေးနေပြီး အစ္စလာမ် သာသနာ နှင့်မွတ်စလင်မ်များ ၏ နောက်ကျောကို ဓား နှင့်ထိုးနေကြောင်း ရေးသားထားပါတယ်။

ယီမင် နိုင်ငံ ရှိ အစ္စလာမ်မစ် အဖွဲ့ အန်စွရွလ္လာဟ် ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အဗ်ဒွစလာမ်

မှတ်သားစရာမှာ လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဂျရ်ဂ်ျ ကရ်ဒါဟီ မှ ရက်အနှစ်ငယ် အလျင် ယီမင် နိုင်ငံ အပေါ် ဆော်ဒီ နိုင်ငံ မှ မတရား ကျူးကျော်နေသည့် စစ်ပွဲ အား လူမဆန် သည့် လုပ်ရပ်ဖြစ်ကြောင်း သတ်မှတ်ပြီး စစ်ကို ရပ်ရန် မေတ္တာ ရပ်ခံ ခဲ့ပါတယ်။ ထိုကိစ္စ ကြောင့် ဆော်ဒီမှ ဒေါသမီးလောင်းခဲ့ပြီး ကုလားမနိုင်ရခိုင်မဲဆိုသည့် အတိုင်း မိမိနိုင်ငံ ရှိ လက်ဘနွန် သံအမတ်ကို မိမိနိုင်ငံမှ ထွက်သွားရန် အမိန့် ထုတ်ခဲ့ပါတယ်။

သတင်း အထောက်အထား များ အရ လက်ဘနွန် ပြန်ကြားရေးဝန်ကြီး သည် နာမည်ကျော် သတင်းစာ ဆရာတစ်ဦးလည်း ဖြစ်ပြီး ယီမင် နိုင်ငံ အပေါ် ဆော်ဒီ ၏ မတရား ပြုနေသည့် စစ်အား ဆန့်ကျင်သူ ဖြစ်ပါသည်။

ဆော်ဒီ ၏လုပ်ရပ်မှန် ၏ ။ မမှန်ဆိုသည်အချက်ကို အသိဥာဏ် ရှိသူတိုင်း ၊ တရား မျှတသူတိုင်း စဉ်းစား ဆုံး ဖြတ်နိုင်ပါတယ်။ မိမိ ၏ ကြိုးဆွဲ မန်ဆူရ်ဟာဒီ အစိုး ယီမင်တွင် ပြုတ်ကျသွားသည့် အတွက် ယီမင်အပေါ် စစ်တိုက်ခဲ့ပြီး စစ်တိုက်နေပြီး ပါလက်စတိုင်း များ ကိုမတရားသတ်နေ ၎င်းတို့မြေကို မတရား ယူထားသည့် အစ္စရေးအား စစ်တိုက်ရန် မပြောနှင့် ဝေဖန် ရန် အတွက်ပင် သတ္တိ ပင်မရှိချေ။

****************************************************************

END / 251