အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလ်မစီရာ တီဗီ ၏ အစီရင်ခံစာ အရ ယီမင်နိုင်ငံ မြောက်ပိုင်း ရှိ ဆအ်ဒဟ် ပြည်နယ် မန်ဗာ ခရိုင် တွင် ဆော်ဒီ ညွန့်ပေါင်းအဖွဲ့၏ ကျူးကျော် တိုက်ခိုက် မှု ကြောင့် အရပ်သား တစ်ဦး သေဆုံး ပြီး ၆ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရှိရပါတယ်။
ဆော်ဒီ ညွန့်ပေါင်းအဖွဲ့ ၊ ဆော်ဒီ မဟာမိတ် အဖွဲ့ မှာ ထပ်မံ၍ ယီမင်နိုင်ငံ ၏ ဆအ်ဒဟ် ပြည်နယ်ရှိ မန်ဗာ ခရိုင် ၏ နယ်မြေ အသီးသီး ကို ထပ်မံ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
အခြားတစ်ဖက်တွင်လည်း ယီမင် စစ်တပ် ၏ ကြေညာခဲ့ပါတယ်။ ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ကျူးကျော် လာသည့် ဆော်ဒီ မဟာမိတ်အဖွဲ့ နှင့်၎င်းတို့၏ အေဂျင် များ သည် အလ် ဟဒီဒဟ် ပြည်နယ် တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ကို ၂၆၁ ကြိမ် ချိုးဖောက်ခဲ့ကြောင်း ဖြစ်ပါတယ်။
အလ်မစီရာ တီဗီ ၏ အစီရင်ခံစာ အရ ကျူးကျော် ဝင်ရောက်လာသည် ဆော်ဒီ အနေဖြင့်မိမိ၏ မဟာမိတ် အဖွဲ့ နှင့်အတူ အလ်ဟဒီဒဟ် ပြည်နယ် ရှိ နေရာ အစုံ အား လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပစ်မှတ် ထား တိုက်ခိုက် ခဲ့ကြောင်း သိရှိရပါတယ်။
ဆော်ဒီ ၊ အမေရိကန် ၊ ယူအေအီ (အာရ် စော်ဘွားများ ပြည်ထောင်စု) နှင့် အခြား နိုင်ငံ အချို့ ၏ အကူအညီ ဖြင့် ယီမင် နိုင်ငံအား ၂၀၁၅ ခုနှစ် မတ်လ မှ စ၍ ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ယီမင် နိုင်ငံအား လေကြောင်း ရေကြောင်း မှလည်း ပိတ်ဆို့ မှုများလည်းပြုလုပ် ခဲ့ပါသည်။
ယီမင် နိုင်ငံ သည် ဆော်ဒီ နိုင်ငံ နှင့် ၎င်း ၏ မဟာမိတ် နိုင်ငံများ ၏ တိုက်ခိုက်မှုကြောင့် သိန်းနှင့်ချီပြီး အရပ်သားများ သေဆုံးပြီး ဒဏ်ရာ ရခဲ့ရပါတယ်။ ထိုပြင် လူမဆနသည့် ပိတ်ဆို့ ထားမှု များ ကြောင့် ယီမင်ပြည်သူ လူထု များ သည် စားနပ်ရိက္ခာ နှင့် ဆေးဝါးပြတ်လပ် မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပါတယ်။
****************************************************************
END / 251