အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဟဇရသ် အာယာသွလ္လာဟ်ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၂၀၂၁ တွင် တာ့ခ်မင်နစ္စတန် နိုင်ငံ ၏ အက်ဇ်ဂါဗါဒ် မြို့တွင် ကျင်းပ သည့် ((အက်ကို)) အဖွဲ့အစည်း ၏ ၁၅ ကြိမ်မြောက် အစည်းအဝေး တွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အီရန်သမ္မတမှ မိန့်ကြားသည်မှာ ((အက်ကို)) အဖွဲ့အစည်း သည် ပြီးခဲ့သည့် နှစ်များ တွင် လုံလောက်သည့် အထိ တိုးတက်ခဲ့ပါတယ်။ သို့သော် အဖွဲ့အစည်း ၏ ရှိသမျှ အရည်အချင်းများ ကို အသုံးမချနိုင်သေးချေ။ (အက်ကို)) အဖွဲ့အစည်း သည် ကြီးမားသည့် ကုန်သွယ်ရေး အရည်အသွေးများ အရည်အချင်းများ ရှိလျက် အဖွဲ့ဝင် နိုင်ငံများ အကြား စီးပွားရေး ကဏ္ဍ တွင် ၁၀ % အောက်တွင် ရှိနေ ကြောင်း ဖြစ်ပါတယ်။
ဆက်လက်ပြီးပြောကြားသည်မှာ - အမေရိက်န်နိုင်ငံ ၏ (လူမဆန်သည့်) ရက်စက် ကြမ်းတမ်း သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို အတား အဆီး မပြုနိုင်ချေ။ ပြီးနောက် အာဖဂန် နိစ္စတန် နိုင်ငံ တွင် အအေးဒဏ် ထက် ပိုမို ၍ နာကျင်စေ သည့်အချက်မှာ အာဖဂန် နိုင်ငံ ၏ ငွေကြေး အရင်းအနှီး များကို ကိုလိုနီ အမေရိကန် မှ အေးခဲအောင် ပြုခဲ့သည့် အချက်ဖြစ်ပါတယ်။ အီရန် နိုင်ငံ အနေဖြင့် ဒေသအတွင်း ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ် ထားပါတယ်။ အမေရိကန် နိုင်ငံ၏ ရက်စက် ကြမ်းကြုတ် သည့် စီးပွားရေး ပိတ်ဆို့ အရေးယူ မှုများ သည် ဤ ရည်ရွယ်ချက် ကို အနှောင့်အယှက် မပြုနိုင်ချေ။
သမ္မတမှဆက်လက်ပြောကြားသည်မှာ - နျူကလီးယား သဘောတူညီ ချက်မှ အမေရိကန် ပြည် ထောင်စု ၏ တရား မဝင် ခွဲ ထွက်ခြင်းသည် အမေရိကန် အကျိုးစီးပွားများ သည် ကျွန်ုပ်တို့ဒေသရှိ နိုင်ငံများ ၏ အကျိုးစီးပွား နှင့် သဟဇာတ မဖြစ်ကြောင်း သက်သေ ပြနေပါတယ်။ ကျွန်ုပ်တို့၏ ဘုံ အကျိုးစီးပွား သည် အသုံး ဝင်ပြီး အဓိပ္ပာယ် ရှိသည့် ပူးပေါင်းဆောင်ရွက် မှု နှင့် ကျွန်ုပ်တို့ လူမျိုး ၏ အပြန် အလှန် ညီရင်းအစ်ကို ဖြစ်မှု ပေါ် တည်ရှိနေပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အထူးသဖြင့် တောင်အာရှ ၊ အနောက်အာရှ ၊အာရှ အလယ်ပိုင်း ၊ အိမ်နီးချင်းနိုင်ငံများ ကော့ကေ့ဆပ် နိုင်ငံများ (ရုရှ နိုင်ငံမှ ခွဲထွက်နိုင်ငံများ ) နှင့် စီးပွားရေး နှင့် စစ်ရေး ပူးပေါင်းမှုများ ပြုလုပ်ရန် ကိစ္စအား ယုံကြည်ပါတယ်။
ကျွန်ုပ်တို့ အနေဖြင့် နှစ်နိုင်ငံ ၏ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု ကို လွယ်ကူချော မွေ့ စေရန် ဒေသတွင်း အဖွဲ့ အစည်းများ ၏ ရပ်တည်ချက် နှင့် အခြေအနေများ ကို ခိုင်မာ အောင် ပြုရန် ကြိုးပမ်းပါမည်။ ၎င်းအတွက် ထင်ရှား သည့် သာဓက တစ်ခု မှာ စီးပွားရေး အဖွဲ့ အစည်း ဖြစ်သည့် (( အက်ကို)) အဖွဲ့ အစည်းဖြစ်ပါတယ်။
(အက်ကို)) အဖွဲ့အစည်းသည် ဘက်စုံ အင်အား ကို တည်ဆောက်ရာတွင် အထူးသဖြင့် ရုပ်ပိုင်း ဆိုင်ရာ အာနိသင် ရှိမှု သာဓကအားဖြင့် လူဦးရေ တစ်ဘီလီယံ ၏ တစ်ဝက် ၊ ကမ္ဘာ့ စွမ်းအင် ၏ သုံးပုံ တစ်ပုံ ပိုင်ဆိုင်မှု ၊ ဥရောပ နှင့် အတူ တရုတ် နိုင်ငံ ၊ ပါရှန်း ပယ်လယ်ကွေ့ နိုင်ငံများ နှင့် ရုရှ တို့၏ ထူးခြားသည့် ဆက်သွယ်မှုအနေအထား ၊ အရည်အချင်း ပြည့်မီ သည့် လူငယ်များ ၏ အင်အား ရှိမှု နှင့် အတူ အစ္စလာမ် အမည် ဖြင့် ထူးခြားသည့် ဂုဏ်ပုဒ် ကို ဆောင်နေပါတယ်။
ကျွန်ုပ်တို့ အနေဖြင့် အရည်အချင်းရှိသည့် အိမ်နီးချင်းနိုင်ငံ သာမဟုတ်ဘဲ အစ္စလာမ့် ယဉ်ကျေးမှု မှ ပေါက်ပွား လာသည့် စစ်မှန် သည့် (အစ္စလာမ်) အမွေ အနှစ်ကို ဆက်ခံသူနှင့် တိုးတက်အောင်ပြုသူ လည်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အရည်အချင်း ဝိသေသလက္ခဏာ ဖြင့် လူသားများ ၏ အနာဂတ် ကို အခမ်းနား ဆုံး နည်းလမ်း ဖြင့်လမ်းညွှန် ပေးနိုင်သည့် အပြင် ကျွန်ုပ်တို့ အကြားနာမ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု နှင့် နာမ်ပိုင်း ဆိုင်ရာ ပျော်ရွှင်မှု တို့ဖြင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု ကို ပြုနိုင်ပါတယ်။ ((အက်ကို)) အဖွဲ့အစည်း သည် ပြီးခဲ့သည့် နှစ်များ တွင် လုံလောက်သည့် အထိ တိုးတက်ခဲ့ပါတယ်။ သို့သော် အဖွဲ့အစည်း ၏ ရှိသမျှ အရည်အချင်းများ ကို အသုံးမချနိုင်သေးချေ။ (အက်ကို)) အဖွဲ့အစည်း သည် ကြီးမားသည့် ကုန်သွယ်ရေး အရည်အသွေးများ အရည်အချင်းများ ရှိလျက် အဖွဲ့ဝင် နိုင်ငံများ အကြား စီးပွားရေး ကဏ္ဍ တွင် ၁၀ % အောက်တွင် ရှိနေ ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် အရေးကြီးသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ((အက်ကို)) အဖွဲ့ အစည်း ၏ ပူးပေါင်းဆောင်ရွက်ရေး အဆင့် ကို မြှင့်တင်ရန် နှင့် ဒေသတွင်း နှင့် နိုင်ငံ တကာ ဆက်ဆံရေး တွင် ၎င်း၏ အဆင့် အတန်း နှင့်ရပ်တည် ချက်ကို မြှင့်တင် ရန် ကြိုးပမ်းနေပါတယ်။ ဤအဖွဲ့အစည်း ၏ ခုန်ပျံကျော်လွှား မှု အတွက် ထိရောက် သည့် ကိရိယာများ နှင့်အရင်းအမြစ်များ ရရှိနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး အဖွဲ့ဝင် နိုင်ငံများမှ ပူးပေါင်း ကြိုးပမ်း မည်ဆိုလျှင် ဤအဖွဲ့ အစည်း သည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုး တိုးတက်မင နှင့်အနာဂတ် မျိုးဆက် များ ၏ ကောင်း ကျိုးချမ်းသာ မှုကို အာမခံ နိုင်မည် ဖြစ်ပါတယ် ဟု၍ စသည်ဖြင့် အီရန် သမ္မတ ဟဇရသ် အာယာသွလ္လာဟ် ဒေါက်တာ အီဗရာဟီးမ် ရအီစီ မှ မိန့် ကြားခဲ့ပါတယ်။
****************************************************************
END / 251