အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန တင်ပြချက်အရ အရ ယီမင်စစ်တပ်သည် မအာရဗ် ပြည်နယ်တောင်ပိုင်းတွင် ဆော်ဒီ နှင့် မန်စူရ်ဟာဒီ (ဆော်ဒီ အစေခံ ယီမင်သမ္မတဟောင်း) ၏ ကြေးစား စစ်သားများ အား တိုက်ခိုက်မှု ကို ဆက်လက်ထားရှိထားကြောင်း နှင့် ဆော်ဒီ ကြေးစားစစ်သားများ မှ ထွက်ပြေး သွားကြောင်း သိရှိရပါတယ်။
အစီရင်ခံစာများအရ ယီမင်စစ်တပ်သည် မအာရဗ် တောင်ဘက်သို့ ချီတက်နေပါတယ်။ ယီမင်စစ်တပ် သည် ဤဒေသတွင် သိသာထင်ရှားသော အောင်မြင်မှုရရှိပြီး Roza-e-Jahm နှင့် Zina ချိုင့်ဝှမ်းတဝိုက်ရှိ တောင်များကို ပြန်လည်သိမ်းယူ နိုင်ခဲ့ပါတယ်။
ဆော်ဒီအာရေဗျ နှင့် မန်စူရ်ဟာဒီ ၏ ကြေးစားသမား စစ်သားများ သည် ထိုဒေသမှ ထွက်ပြေးခဲ့ကြပါတယ်။ ဒီအောင်ပွဲအပြီးမှာ ယီမင်တပ်ဖွဲ့တွေဟာ မအာရဗ် မြို့ကနေ ၅ ကီလိုမီတာ အကွာအဝေး အထိ ရောက်ရှိခဲ့ပါတယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ ဆော်ဒီအာရေဗျ သည် ယီမင်တွင် လက်နက်မဲ့ အာရပ်လူမျိုးများ အပေါ် တိုက်ခိုက်သည့် စစ်ပွဲတွင် သမိုင်းဝင် ရှုံးနိမ့်မှု နှင့် မအောင်မြင်မှု ကို ရင်ဆိုင်နေရပါတယ်။
****************************************************************
END / 251