၃ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၂၁
အီရန်နိုင်ငံ တွင် ဒီဇင်ဘာ လ ၃ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့် ၇၈ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြန်ကြားရေး နှင့် ဆက်သွယ်ရေး စင်တာ မှ ကိုရိုနာ ရောဂါ နှင့် ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ အထိ ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မနေ့ မှစ၍ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံ ရသူအသစ် ၃၆၀၃ ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၆၄၉ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၆၁၂၉၁၉၉ ရှိ သွား ပြီး ဖြစ်ပါတယ်။

ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာ အရ ၇၈ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၁၃၀၀၆၆  ဦး ဖြစ်ကြောင်း သိရှိရပါတယ်။

ပြည်နယ် ၁၃ ခု တွင် ကိုရိုနာ ရောဂါကြောင့် သေဆုံး သူ ၁ယောက် (သို့မဟုတ်) လုံးဝ မရှိ ဖြစ်ခဲ့ ပါတယ်။

ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၅၉၀၈၉၀၁ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။

၃၂၉၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှုကိုခံယူလျက် ရှိနေပါတယ်။

လက်ရှိ အခြေအနေ အထိ အီရန် တစ်နိုင်ငံလုံး တွင် ၃၉၀၉၃၃၅၅ ဦး အား ကိုရိုနာ ရောဂါ  ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။

အီရန် နိုင်ငံတွင် အနီရောင် မြို့ သည် မရှိတော့ချေ။ ၂၂ မြို့ သည် လိမ္မော်ရောင် ၊ မြို့ပေါင်း ၂၀၇ မြို့တွင် အဝါရောင် ဖြစ်ပြီး ၂၁၉ မြို့ သည် အပြာရောင် ဖြစ်ပါတယ်။

 

****************************************************************

END / 251