၉ ဒီဇင်ဘာ ၂၀၂၁ - ၁၉:၂၃
ပူးတွဲ ကော်မရှင် အစည်း အဝေး ကို အီရန် နှင့် 1+4 အဖွဲ့ ဝင် ကိုယ်စား လှယ် များ ဗီယင်နာ တွင် စတင်

ပူးတွဲ ကော်မရှင် အစည်းအဝေး ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် 1+4 အဖွဲ့ ဝင် နိုင်ငံ များ ၏ ကိုယ်စားလှယ် များ ဗီယင်နာ တွင် စတင် ကျင်းပ နေပြီး ဖြစ်ပါတယ်။ အီရန် နိုင်ငံ ၏ ကိုယ်စားလှယ် အဖွဲ့ ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အလီ ဘာကဲရ် ရီ ကနီ မှ ဦးဆောင် နေပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ ဖော်ပြချက်အရ ပူးတွဲ ကော်မရှင် အစည်းအဝေး ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် 1+4 အဖွဲ့ ဝင် နိုင်ငံ များ ၏ ကိုယ်စားလှယ် များ ဗီယင်နာ တွင် စတင် ကျင်းပ နေပြီး ဖြစ်ပါတယ်။ အီရန် နိုင်ငံ ၏ ကိုယ်စားလှယ် အဖွဲ့ ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ထိပ်တန်း ညှိနှိုင်းရေးမှူးဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အလီ ဘာကဲရ် ရီ ကနီ မှ ဦးဆောင်နေပြီး 1+4 အဖွဲ့ ဝင် နိုင်ငံ များ ၏ ကိုယ်စားလှယ် များ ကို ဥရောပ သမဂ္ဂ ထိပ်တန်း ညှိနှိုင်းရေးမှူး Enrique Mora မှ ဦးဆောင် နေပါတယ်။

အီရန် ထိပ်တန်း ညှိနှိုင်းရေးမှူး သည် ယနေ့ မိမိ ၏ ကိုယ်စားလှယ် အဖွဲ့ နှင့် အတူ ဗီယင်နာ မြို့ သို့ ရောက် ရှိလာပြီး ပူးတွဲကော်မရှင် အစည်းအဝေး မတိုင်မီ ရုရှား ၊ တရုတ်နိုင်ငံ တို့၏ ကိုယ်စားလှယ်များ နှင့် သုံးပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အစောပိုင်း တွင် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမှုဝါဒ ရေးရာ အကြီးအကဲ Joseph Borrell နှင့် တွေ့ဆုံ ရာတွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး မှ ဥရောပ သမဂ္ဂ အားပူးပေါင်း ဆောင်ရွက်မှု မရှိသည့် အတွက် ပြစ်တင် ရှုတ်ချ ခဲ့ပြီး ဥရောပ သမဂ္ဂ သည် မိမိတို့ပြုထားသည့် ကတိကဝတ် များ ကို ပျက်ကွက် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251