၁၇ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၄၂
 စစ်ကောင်စီတပ်များ ပါကစ္စတန်တွင် မိုင်းရှင်းလင်းရေး သင်တန်းသွား တက်မည်

မြန်မာစစ်ကောင်စီတပ်နှင့် ပါကစ္စတန်တပ်မတော်တို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလုပ်နေရာ စစ်ကောင်စီတပ်အတွက် မိုင်းရှင်းလင်းရေးသင်တန်းတစ်ခုကို ပါကစ္စတန်တွင် သွားရောက်သင်ယူရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်ကောင်စီတပ်နှင့် ပါကစ္စတန်တပ်မတော်တို့အကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလုပ်နေရာ စစ်ကောင်စီတပ်အတွက် မိုင်းရှင်းလင်းရေးသင်တန်းတစ်ခုကို ပါကစ္စတန်တွင် သွားရောက်သင်ယူရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အရာရှိ ၃၀ ဦးနှင့် အခြားအဆင့် ၁၅ ဦးပါဝင်သော အုပ်စုသည် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှ မေလ ၆ ရက်၊ ၂၀၂၂ ခုနှစ်အထိ သုံးလကြာသင်တန်းသွားတက်ကြမှာဖြစ်သည်။

ထို့အပြင် ပါကစ္စတန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း မြန်မာပြည်သို့ ဒီဇင်ဘာ ၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် တော်လှန်ရေးတပ်ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) က ထောင်ထားသော မိုင်းများရှင်းလင်းရာတွင် အထောက်အကူပေးရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ပါကစ္စတန်စစ်တပ်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့များတွင် မိုင်းရှင်းလင်းရေးအတွက် အကူညီပေးရန် သဘောတူထားကြသည်။

****************************************************************
END / 251