၂၁ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၂၈
ရှဟီးဒ် ဟစန် အီရ်လူး သည် အဖိနှိပ်ခံ ယီမင်ပြည်သူများ၏ အသံ ဖြစ်ပါတယ်

ယီမင် နိုင်ငံခြားရေး ဝန်ကြီး ဟရှာမ် ရှရဖ် မှ ယီမင် နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ အီရန် သံအမတ် ကြီး ရှဟီးဒ် ဟစန် အီရ်လူး သည် ယီမင် အဖိနှိပ်ခံ ပြည်သူများ၏ အသံ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency မှ အလ်မီစီရဟ် သတင်းဌာန ၏ သတင်း အား ကိုးကားပြီး ယီမင် နိုင်ငံခြားရေး ဝန်ကြီး ဟရှာမ် ရှရဖ် မှ ယီမင် နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ အီရန် သံအမတ် ကြီး ရှဟီးဒ် ဟစန် အီရ်လူး သည် ယီမင် အဖိနှိပ်ခံ ပြည်သူများ၏ အသံ ဖြစ်ကြောင်း ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

ယီမင် နိုင်ငံခြားရေး ဝန်ကြီး ဟရှာမ် ရှရဖ် မှ ယီမင် နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ အီရန် သံအမတ် ကြီး ၏ ရှဟာဒသ် အတွက် ဝမ်းနည်း ကြောင်း သဝဏ်လွှာ ပေးးပို့ခဲ့ပြီး အီရန် သံအမတ် ကြီး ၏ အဖိုးတန် ဆောင်ရွက် ပေးခဲ့မှုများ ကို အမြဲအမှတ် ရနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယီမင် နှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ အီရန် သံအမတ် ကြီး သည် အဖိနှိပ် အရက်စက် ခံ ယီမင် မွတ်စလင်မ် ပြည်သူ များ ၏ အသံ ဖြစ်ပါတယ်။ အီရန် သံအမတ် ကြီး၏ ၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြု ကြောင်း ယီမင် နိုင်ငံခြားရေး ဝန်ကြီး ဟရှာမ် ရှရဖ် မှ ပြောကြားခဲ့ပါတယ်။

တစ်ချိန် တည်းမှာပင် ယီမင် နိုင်ငံ၏ အန်ဆွာရွလ်လ္လာဟ် ၏ ပြောရေး ဆိုခွင့် ရှိသူ အဗ်ဒွတ်စ်စလာမ် မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ အီရန် သံအမတ် ကြီး ရှဟီးဒ် ဟစန် အီရ်လူး ၏ ရှဟာဒသ် အတွက် အီရန်ပြည်သူ လူထု ၊ အီရန် အစိုးရ နှင့် ရှဟီးဒ် ၏ ကျန်ရစ်သူ မိသားစုဝင်များ အား ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပြီး ရှဟီးဒ် ဟစန် အီရ်လူး သည် ထူးချွန် ပြီး အလုပ်လုပ်သည့် သံအမတ် ဖြစ်ကြောင်း ၊၎င်းအနေဖြင့် ယီမင် နိုင်ငံ အခက်အခဲ များ နှင့်ရင်ဆိုင်နေရချိန်တွင် ယီမင်ပြည်သူများ ကို အားသွန်ခွန်စိုက် အကူအညီ ပေးခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ယီမင် နိုင်ငံ ၏ ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး ဟစန် အလ်အဇီးမှ လည်း အီရန် သံအမတ် ကြီး၏ ရှဟာဒသ် အတွက် အလွန် ဝမ်းနည်း ကြေကွဲ ရကြောင်း အီရန် အစိုးရ အားလည်း ဝမ်းနည်း ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251