အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။
“ကုန်ရရှိမှုကနည်းတယ်။ ကုန်ရဖို့အတွက်ကို ကျနော်တို့ ယာဉ်ပိုင်းတွေအတော် အလုပ်လုပ်ရတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့ အခါမှာလည်း အချိန်တွေအရမ်း ကြန့်ကြာတယ်။ လမ်းကြေး၊ စက်သုံးဆီဈေးတွေ တက်တယ်၊ ကားနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကလည်း တက်တယ်ဆိုတော့ တွက်ခြေမကိုက်ကြတော့ဘူး။ အဲတော့တချို့လည်း ရပ်ထားရတယ်။ ကား ၅ စီး ရှိရင်၂ စီးလောက်က ရပ်ထားရတယ်” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ်ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။
တရုတျနိုငျငံရဲ့ နယ်စပ်ကုန်သွယ်ေရးမႈဝါဒ အေပြာင်းအလဲအပြီး ကုန်သွယ်ေရးလုပ်ငန်းေတွ အရင်လို အလုပ်မဖြဈေတာ့တာကလည်း ကုန်စည်သယ်ယူပို႔ေဆာင်ေရး လုပ်ငန်းတွေအေပါ် ကြီးမားတဲ့ သက်ေရာက်မႈရွိခဲ့ပြီး၊ ငွေကြေးစီးဆင်းမႈအားနည်းနေတာ၊ အေရာင်း အဝယ်ေတွ အား နည်းသွားတာ၊ စီးပွားေရးလုပ်ငန်းေတွ လုပ်သာကိုင်သာမရွိတဲ့ အခြေအနေတွေကလည်း အဆိုပါ ကဏ္ဍအေပါ် သက်ေရာက်မႈေတွ ရွိနေပါတယ်။
အရောင်းအဝယ်လုပ်ငန်းတွေမှာ အရင်က အကြွေးစနစ်ကိုပါအသုံးပြုခဲ့ကြပေမဲ့ အခုအခါမှာ ငွေကြေးစီးဆင်းမှု အားနည်းနေတာကြောင့် လက်ငင်းစနစ်နဲ့သာ နိုင်သလောက် ရောင်းဝယ် လုပ်ကိုင်နေကြရတာ ဖြစ်လို့ကုန်စည်ရရှိမှု အရင်ထက်လျော့နည်းလာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။
တစ်ဘက်မှာလည်း စက်သုံးဆီဈေးနှုန်းအပါအဝင် စရိတ်စကတွေ မြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားတွေကမြင့်တက်နေပါတယ်။ အခုအခြေအနေတွေအတိုင်း ဆက်ရှိနေမည်ဆိုပါက ရည်ရှည်မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေရပ်နားရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် လုပ်ငန်းရှင် တွေက စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
****************************************************************
END / 251
၃ ဇန်နဝါရီ ၂၀၂၂ - ၁၉:၃၇
News ID: 1215301
ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။