၂၀ ဇန်နဝါရီ ၂၀၂၂ - ၁၃:၂၈
ပါကစ္စတန် နိုင်ငံ လာဟိုရ်မြို့ တွင် ဗုံးပေါက်ကွဲမှု ကြောင့် ၃၃ဦး သေဆုံး၊ဒဏ်ရာရ

ပါကစ္စတန် နိုင်ငံ ၏ ပန်ဂျာဗ်ပြည်နယ် ၏ မြို့တော် လာဟိုရ်မြို့ တွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး ၃၃ ဦး ဒဏ်ရာ ရ သေဆုံးခဲ့ကြောင်း ပါကစ္စတန် မီဒီယာ များ မှ ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန် နိုင်ငံ ၏ ပန်ဂျာဗ်ပြည်နယ် ၏ မြို့တော် လာဟိုရ်မြို့ ရှိ လိုဟာရီဂိတ် ဒေသတွင် ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး ၃၃ ဦး ဒဏ်ရာ ရ သေဆုံးခဲ့ကြောင်း သတင်းရရှိ ပါတယ်။

သတင်းအရင်းအမြစ်များ မှ လာဟိုရ်မြို့ ရှိ စီးပွားရေး စင်တာ ((အနာကလီ)) သို့ သွားသည့် လမ်း တွင် တစ်နာရီ အစော ပိုင်းက ဖြစ်ပွားခဲ့ပြီး အယောက် ၂၀ ထက်မနည်း ဒစ်ရာရရှိခဲ့ပြီး ၃ဦး သေဆုံး ခဲ့ကြောင်း သိရှိရပါတယ်။

((ဂျီယို))သတင်းဌာန မှ ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ဤဖောက်ခွဲမှု သည် အကြမ်းဖက်မှု ဖြစ်ကြောင်း ဗုံး အား မော်တော်ဆိုင်ကယ် တွင် တပ်ထားပြီး အဝေးမှ ဖောက်ခွဲမှုကို ပြုခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့မှုကြောင့် ဆိုင်ခန်းများ ပျက်စီး ခဲ့ပြီး ဒဏ်ရာ ရရှိသူ ၄ဦး ၏ အခြေအနေ မှာ စိုးရိမ် ရကြောင်း ဒေသဆိုင်ရာ သတင်းဌာန များ ၏ ဖော်ပြချက်အရ သိရှိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များ နှင့်အထူးသဖြင့် ဖောက်ခွဲရေး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များမှ အခင်း ဖြစ်ပွားရယ နေရာကို ရောက်ရှိပြီး စိစစ် ဖြေရှင်းမှု ကို ပြုနေပြီး ဖြစ်ပါတယ်။ ဤ အကြမ်းဖက် ဖောက်ခွဲမှု အား မည်သည့် အဖွဲပအစည်းမှ တာဝတ်ယူ ထားခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

****************************************************************

END / 251