အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီအာမွတ်စလင်မ် လောက၏ အကျော်အမော် မရ်ဂျာများမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ လွတ်ဖ်ဖိုလ္လာဟ်ဆာဖီ ဂိုလ်ဗိုင်ဂန်နီ သည် သက်တော် ၁၀၂ အရွယ် တွင် နှလုံးရပ်ပြီး အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် ကြီး နှလုံးရပ်သွားပြီး ကုသမှု မအောင်မြင်တော့သည့် အတွက်ကြောင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ကို ခံယူသွားခြင်းဖြစ်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆာဖီ ဂိုလ်ဗိုင်ဂန်နီ သည် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ပရှုဂျိုရ်ဒီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဟွတ်ဂျသ် (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ခွန်စာရီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဂိုလ်ဗိုင်ဂန်နီ (ရ.ဟ) တို့၏ ထူးချွန်သည့် တပည့် တစ်ဦးဖြစ်ပါတယ်။ အချိန်အတန်ကြာ နဂျဖ်ဖေအရှ်ရဖ် မြို့ တွင် အာယာသွလ္လာဟ် အလ်အွဇ်မာ မိုဟမ္မဒ် ကာစင် ရှိရာဇီး နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ မိုဟမ္မဒ် အလီ ကာစင်မီ တို့ထံတွင်လည်း ပညာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ်အာယာသွလ္လာဟ် ကြီးသည် နှစ်ပေါင်းများစွာ ဟောင်ဇေအေလ်မီယေ ကွမ်း တွင် စာသင်ကြားပေးခြင်း ၊ သုတေသနပြုခြင်း တို့ကို ပြုခဲ့သူဖြစ်ပါတယ်။ အဖိုးတန် စာအုပ် အများ အပြား ကို လည်း သီးကုံးရေးသားခဲ့သူဖြစ်ပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂန်နီ သည် မဂ်ျလစ်စေ ခိုဗ်ရေဂန် ၊ ကာနွန်နေအစာစီ နှင့် ရှုရာယေ နီဂဲဟ်ဗန် ၏ အဖွဲ့ဝင် နှင့် အမောမ် ခိုမေနီ (ရ.ဟ) ၏အမိန့် အဖြစ် အတွင်းရေးမှူး တာဝန် ကိုထမ်းဆောင်ပြီး နိုင်ငံရေး ကိစ္စများလည်း ဆောင်ရွက် အကျိုးပြုပေးခဲ့သူ ဖြစ်ပါတယ်
****************************************************************
END / 251