ချစ်ခြင်း၏ ပုံစံ အနေအထား အရ အကျိုးအမြတ် ရယူနိုင်ပါသည်
တစ်ဆက်တည်း ပွိုင့်တစ်ခုဘက်သို့ လည်း သတိပေးလို ပါ သည်။ ထိုပွိုင့် မှာ အလ္လာဟ်ဟိုအရှင်မြတ် ၏ အပြစ်ဒဏ် အနည်း (သို့မဟုတ်) အများ ၊ ခံရမည့် အချိန်ကာလ ၏ အဓိက အခြခံမှာ အဲဟ် လေ့ဘိုက် (အစ) အပေါ် ထားသည့် အချစ် ၏ အား ကောင်းမှု နှင့် အားနည်း မှု အပေါ် မှု တည် ပါသည်။ အချစ်ကြီး လျှင် ရှဖာ အသ် (ခ) အသနားခံ လျှောက်ထားပေးမှု လည်း အမြန် ရရှိ မည် ဖြစ်ပါ သည်။သို့သော် အသက်ငင်နေချိန်တွင်လည်း ၎င်း၏ တမ်းတမှု အတွက် ရောက်ရှိလာကြမည် ဖြစ်ပါသည်။ ဤအတွက် ကြောင့် ဂျနာဗ် ဆရက်ဒ် ဟမီးရီး ၏ ဘဝသမိုင်း တွင် ရေးသား သီးကုံးထားပါသည်။[1]
စိတ်အလိုဆန္ဒသည် ချစ်သည် လမ်းကြောင်း အတွက် အတားအဆီးဖြစ်စေပါသည်
တစ်ခါတစ်ရံ လောကီ ပစ္စည်းဥစ္စာများ နှင့် စည်းစိမ် အား အများ အပြား ချစ်ခင်မြတ်နိုးခြင်း နှင့် စိတ်အလိုဆန္ဒ၏ ရာဂ မီးကြောင့်မိုဟမ္မဒ် (ဆွ) နှင့် အာလေ့မိုဟမ္မဒ် (အ.စ) ၏အချစ် နှလုံးသားတွင် မရှိတော့ခြင်း သို့မဟုတ် နည်းသွားသည့် အတွက် ကြောင့် လူများသည် သေဆုံးချိန် တွင် အဲဟ်လေ့ဘိုက် (အ.စ) အား မေ့သွား ရပါသည်။ ပြီးနောက် ၎င်း အလွန် ချစ်ခင် နှစ်သက် မြတ်နိုး သည့်အရာ ကို သာ သေဆုံးချိန် တွင် မြင်တွေ့ ရမည် ဖြစ်ပါသည်။[2] ဤ အကြောင်း အရာ နှင့်ပတ်သက်ပြီး ရီဝါ ယသ် အမြောက် အများ လာရှိပါသည်။ ၎င်းကို ဤနေရာတွင် တင်ပြခြင်းသည် ခေါင်းစဉ်နှင့်လွဲသွားက တစ်ကြောင်း ရှည်လျား သွားကတစ်ဖုံ ဖြစ်သည့်အတွက် အနည်းအကျဉ်းသာ ဖော်ပြမည် ဖြစ်ပါသည်။
ဖွာရစီကဗျာ سودا خوش است کہ یکجا کند کسی
ဤ ကဗျာစာသား၏ဆိုလိုသည့် အဓိပ္ပာယ်မှာဤသို့ ဖြစ်ပါသည်။ အီမာန် ရှင်များ အနေဖြင့် မိမိတို့၏ နှလုံးသား တွင် များ သထက် များအောင် အဲဟ်လေ့ဘိုက် (အ.စ) ၏ အချစ်မေတ္တာ ကို ဖြစ်ပေါ် ရန် ကြိုးပမ်းရပါမည်။ ပြီးနောက် အခြား အရာများ ၏ အချစ်ကို နှလုံးသား မှ ထုတ်ရမည် ဖြစ်ပါသည်။ ပြီးနောက် ဂိုနာ (အပြစ်) တိုင်း အထူးသဖြင့် ဂိုနာယေ ကဘီရဟ် (ကြီးမားသည့် အပြစ်များ) ကိုရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ ထိုမှသာ အင်န်ရှာ အလ္လာဟ် မကောင်းသည့်အဆုံးသတ်ခြင်း မှ ကာကွယ် စောင့် ရှောက် နိုင်မည် ဖြစ်ပါသည်။
နေအ်မသ်(ကောင်းချီးမင်္ဂလာ) အား ဂိုနာပြုရာတွင် အသုံးမပြုပါ နှင့်
ဟဇရသ် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အနေဖြင့်မိမိ ၏ အချို့ အချစ်ထားသူများကို ရေးသားထားပါသည်။
اِنْ اَرَدْتَّ اَنْ یَخْتِم عَمَلُکَ بِخَیْرٍ حَتّیٰ تَقْبِضَ وَاَنْتَ فِیْ اَفْضَل الْاَعْمَالِ فَعَظِّمِ اللّٰهِ حَقَه اَنْ تَبْذِلَ نعْمَائِهِ فی مَعَاصِیْهِ وَاَنْ تَنْتَر بِحِلّمِه مِنْکَ وَاَکْرِمْ کُلَّ مَنْ وَّجَدْ یَذکُرُنَا اَوْیَنْتَحِلُ مَوَدَّتَنَا ثُمَّ لَیْسَ عَلَیْکَ صَادِقاً کانَ اَوْکَاذِباً اِنَّمَا لَکَ نِیَّتُکَ وَعَلَیْهِ کِذْبُهُ. (بِحَار الْاَنْوار)
အကယ်၍ အသင်အနေဖြင့် မိမိသက်တမ်း ကို အကောင်းတကာ အကောင်းဆုံး အလုပ်များ များ ပြုလုပ်ပြီး အကောင်း တကာ အကောင်း ဆုံး အခြေအနေ ဖြင့် အဆုံးသတ်ပြီး အသက်၏ အသက်ကို နုတ်စေလိုလျှင် အလ္လာဟ်ဟို အရှင်မြတ်အား ၎င်း၏ ဂုဏ်သတ္တိ နှင့်အညီ ရာနှုန်းပြည့် ကြီးမား ကြောင်း သိရှိရပါမည်။ မပြောကောင်းမဆိုကောင်း အရှင်မြတ်၏ နေအ်မသ်တော်များ ကို အရှင်မြတ် ၏ အမိန့်တော်များကို မနာခံမှု တွင် အသုံးပြုမည်။ ထိုပြင် အလ္လာဟ်ဟို အရှင်မြတ် ၏ ချီးမြှင့်ထားမှုများကို မှားယွင်း သည့်နေရာတွင် အသုံးချပြီး မာန်မာန တက်မည်။ (ဆိုလိုသည်မှာ အလ္လာဟ်ဟို အရှင်မြတ် ၏ နေအ်မသ်တော်အား အပြစ် ဖြစ်စေသည့် လမ်းတွင် အသုံးမချရန် ဖြစ်ပါသည်။ ) ပြီးနောက် အဲဟ်လေ့ဘိုက် (အ.စ) ကို တမ်းတသတိရသူတိုင်း အား (သို့မဟုတ်) ကျွန်ုပ် တို့ (အဲဟ်လေ့ဘိုက် (အ.စ) အား ချစ်ကြောင်း ထုတ်ဖော် ပြောဆိုသူတိုင်း အား သိက္ခာပေးပါ။ လေး စားပါ။ ပြီးနောက် ၎င်းသည် အမှန်ပြောနေတာလား သို့မဟုတ် လိမ်ညာ ပြောနေ သည်လားဆိုသည်မှာ အသင်နှင့် မသက်ဆိုင်ချေ။ အကြောင်း မှာ အသင်အား အသင်၏ ကောင်းသည်နီယသ် ၏ အစား နှင့် ၎င်းကို သူလိမ်ညာပြောဆိုသည့်အပြစ်ဒဏ် ရရှိမည် ဖြစ် သည့် အတွက်ကြောင့် ဖြစ်ပါသည်။
ဂိုနာဟ် (အပြစ်) ၏ မှောက်မိုက်ခြင်း နှင့် သောင်ဗာ (ဝန်ချတောင်းပန်) ခြင်း၏ အလင်းရောင်
အာယသ်တော် (( အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်း သူများ အား အုပ်ထိန်းသူ ဖြစ်ပါသည်။ထိုသူများသည် သက်ဝင် ယုံကြည် သူများ ဖြစ်ကြပါသည်။ ၎င်းတို့အား အမိုက် အမှောင် မှ ဆွဲထုတ် ၍ အလင်း သို့ ပို့ဆောင်ခဲ့ပါသည်။ )) ၏ သဖ်စီးရ် (အကျယ် ဖွင့်ဆိုမှု) တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ဤ ကဲ့သို့ မိန့်တော် မူပါသည်။
عَنِ الصَّادِق (ع) فی تَفْسِیْرِ قَوْله تَعَالٰی (( ( اللّٰهُ وَلِیُّ الَّذینَ آمَنُوْا یُخْرِجُهُمْ مِنَ الظُّلُمَاتِ اِلٰی النُّوْرِ ))) قَالَ علیه السَّلام یَعْنِیْ مِنْ ظُلُمَاتِ الذُّنُوْبِ اِلٰی نُوْرا التَّوْبَةِ وَالْمَغْفِرَةِ لِوَلاَ یَتِهِمْ کُلُّ اِمَامٍ عَادِلٍ مِنَ اللّٰه عَزَّوَجَلَّ (( ( وَالَّذِیْنَ کَفَرُوْا اَوْلٰیْهُمُ الطَّاغُوْتُ یُخْرِجُوْنَهُمْ مِنَ النُّوْرِ اِلَی الظُّلُمَات ))) اِنَّمَا عُنِیَ بِهٰذا عَلٰی اَنَّهُمْ کَانُوْا عَلٰی نُوْرِ الْاِسْلَامِ فَلَمَّا اَنْ تَوَلوْا کُلَّ اِمَامٍ جَائِرٍ لیْسَ مِن اللّٰهِ خَرَجُوا بِوَلایَتِهِمْ مِنْ نُوْرِالْاِسْلَامِ اِلٰی ظُلُمَاتِ الْکُفْرِ فَاَوْجَبَ اللّٰهُ لَهُمُ النَّارُ مَعَ الْکُفَّارِ .(تفسیر صافی ص۶۸ نقل از اصول کافی)
ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော် (( အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်း သူများ အား အုပ်ထိန်းသူ ဖြစ်ပါသည်။ ထိုသူများ သည် သက်ဝင် ယုံကြည် သူများ ဖြစ်ကြပါသည်။ ၎င်းတို့ အား အမိုက် အမှောင် မှ ဆွဲထုတ် ၍ အလင်း သို့ ပို့ဆောင် ခဲ့ပါသည်။ )) နှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံ မေးမြန်းသည့်အခါ အေမာမ် (အ.စ)မှ အဖြေ ပေးမိန့် တော် မူ လေ၏။ အဓိပ္ပာယ်မှာ အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ၎င်းတို့ အား ဂိုနာ (အပြစ်) များ ၏ အမှောင်အမိုက်မှ သောင်ဗာ (ဝန်ချ တောင်းပန်မှု) နှင့် မဂ်ဖေရသ် (လွတ်ငြိမ်းချမ်းသာမှု) ၏ အလင်း ရောင်ဘက်သို့ ယူဆောင်တော်မူလေ၏။အကြောင်းမှာ ၎င်းတို့ အားလုံး အား ယောက်တိုင်းကို အေမာမ် အာဒဲလ် (တရားမျှတပြီး ကျောသား ရင်သား မခွဲခြားသည့်အေမာမ် ) နှင့် အလ္လာဟ်ဟို အရှင် မြတ် ဘက်တော်မှ ခန့်အပ်တော်မူထားသည့် အေမာမ် ၁၂ပါး ၏ ဝေလာယသ် အား ရရှိထားသည့် အတွက်ကြောင့် ဖြစ်ပါ သည်။
ဤအာယသ်တော်၏ နောက်ဆုံး အပိုင်း တွင် (( ထိုပြင် ၎င်းသူများသည် ကူဖ်လုပ်ခဲ့ကြပါသည်။ (ငြင်းပယ်ခဲ့ကြပါသည်။ ) ၎င်းတို့ ၏ အုပ်ထိန်းသူမှာ ရှိုင်တွာန် ဖြစ်ပါသည်။ ၎င်းတို့အား အလင်း ရောင် မှ ဆွဲထုတ်၍ အမှိုက်အမှောင် သို့ ပို့လေ၏။ (စူရဟ် ဗကရာဟ် အာယသ်တော်အမှတ် ၂၅၇ ) နှင့်ပတ်သက်ပြီး မိန့်တော် မူလေ၏။ အလ္လာဟ်ဟို အရှင်မြတ် ၏ ဤ အာယသ်တော်နှင့် ပတ်သက်ပြီး ရည်ရွယ်ချက်မှာ (အောက်ဖော်ပြပါအတိုင်း)မှအပ အခြားမဟုတ်ပါ။ (( ထိုသူများသည် နူးရ်အစ္စလာမ် (အစ္စလာမ် အလင်းရောင်) ကို ရရှိ ထားသူများ ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ဘက် မှ ခန့်အပ်ထားသူ မဟုတ်သည် ဇွာလင်မ် တိုင်း မတရားသည့် ခေါင်းဆောင်များ၏ နောက်လိုက် ကြပါသည်။ ဤအတွက်ကြောင့် အစ္စလာမ် အလင်းရောင် မှ ဆွဲထုတ်ပြီး ကူဖ်ရ် ဆိုသည် မည်းမှောက် ၊ မည်းမှိုက်နေသည့် ဘက်သို့ ပို့တော်မူပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် သည် ကာဖေရ် (ငြင်းပယ်သူများ ) နှင့် အတူ ဂျဟန္နမ် (ငရဲဘုံ ) ၏ မီး အား ၎င်းတို့အတွက် ဝါဂျစ်ဗ် အဖြစ် သတ်မှတ် ပေးတော် မူသည်။))
ကဘီရဟ် နှင့် စဂီးရဟ် ၏ အဓိပ္ပာယ်
အရင်တင်ပြထားသည့် အကြောင်းအရာများ အရ ဂိုနာဟ် (အပြစ်) နှစ်မျိုး နှစ်စား ရှိသည်ဆိုသည်မှာ ထင်ရှားရှင်းလင်းပြီး ဖြစ်ပါသည်။ ဂိုနာဟေ ကဘီရဟ် (ကြီးမားလေးလံသည့်အပြစ်) နှင့် ဂိုနာဟေ စဂီးရဟ် (သေးငယ်သည့်အပြစ်) အကြောင်း ပြီးနောက် ဂိုနာဟေ ကဘီရဟ် ၏ အနိသင်များ နှင့် ၎င်းကို ရှောင်ကြဉ်ခြင်း ကျူးလွန် ခြင်း နှင့်ပတ်သက်သည့် ရလာဒ်များ ကိုလည်း သိရှိပြီး ဖြစ်ပါသည်။
ယခု ကျနော်အနေဖြင့် ဂိုနာဟေကဘီရဟ် ၏ ဆိုတာ ဘယ်ဂိုနာဟ် ကို ဆိုလိုကြောင်း ၎င်းဂိုနာဟ် ၏ အရည်အတွက်မှာ မည်မျှ ရှိ ကြောင်း ကို တင်ပြ သွားမှာ ဖြစ်ပါသည်။
ဤခေါင်းစဉ် နှင့် စပ်လျဉ်း ပြီး အိုလမာ၏ အဆိုအမိန့်များ ကွဲပြားမှုလာရှိပါသည်။ ရှိသမျှ အကွဲအလွဲ နှင့် စောဒက တက်ချက် များ ကို တင်ပြမည် ဆိုလျှင် စာအုပ် တစ်အုပ်လုံး အနေအထား ပုံစံ ပြောင်းလည်သွားမည်ဖြစ်ပါသည်။ အကြောင်းမှာ ကျနော် ၏ ရည်ရွယ် ချက်မှာအကျည်းချုပ် အနှစ်ချုပ် ကိုတင်ပြရန် နှင့် သာမန် လူသားများ ကို အကျိုးပြု နိုင်ရန်အတွက် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။ အသေးစိတ်သိလိုသူများ အနေဖြင့် (شرح کافی ) နှင့် ( اربعین شیخ بهائی) ဆိုသည့် စာအုပ်များ လေ့လာ သင့်ပါသည်။ ဤကိစ္စ နှင့်ပတ်သက်ပြီး အိုလမာ နှင့်မရ်ဂျာသက္က်လီးဒ် များ ၏ သုတေသနပြုချက်အရ အထောက်အထားခိုင်လုံပြီး ပြည့်စုံသည် အဆိုအမိန့် မှာ ဖကီးဟေအဲဟ်လေ့ဘိုက်(အ.စ) ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ကာစင်မ် သွဗာ သွဗာအီ ယဇ်ဒီး (ရ.ဟ) ၏ ( باب شرائط امام جماعت عروة الوثقی) တွင် ဖော်ပြထားသည့် အဆိုအမိန့် ဖြစ်ပါသည်။ ကျနော်အနေဖြင့် ဆရက်ဒ်ဆပ် (ရ.ဟ) ၏ အဆိုအမိန့်များ မှ အနှစ်ချုပ် ၊ အကျည်း ချုပ်ကို တင်ပြလျှင် လုံလောက်ပြီးဖြစ်၍ ၎င်းကိုသာ တင်ပြ လိုက်ပါ သည်။ မရ်ဟွန်မ် အာယာသွလ္လာဟ် အနေဖြင့် ဂိုနာဟ်ဟေကဘီ ရဟ် အား သတ်မှတ်ပုံ သတ်မှတ် နည်း လေး ခု အား အောက်ပါအတိုင်း တင်ပြထားပါသည်။
ဂိုနာဟ်ဟေ ကဘီရဟ် ဆိုသည်မှာ အဘယ်နည်း ?
ပထမနည်း။ ။ ဂိုနာဟ်ဟေကဘီရဟ်ဆိုသည်မှာထိုဂိုနာဟ် (အပြစ်) အား ကျမ်းတော်မြတ် ကုရ်အာန် နှင့်ဟဒီးစ်တော်တွင် အထင်အရှား ပြတ်ပြတ်သားသား ဖော်ပြထား သည့် ဂိုနာဟ် ကိုခေါ်ဆိုပါသည်။ ဤကဲ့သို့သော် ဂိုနာဟ်၏ အရည်အတွက်မှာ လေးဆယ်ကျော် ရှိပါ သည်။ ၎င်းဂိုနာဟ်များကို အဲဟ်လေ့ဘိုက် (အ.စ) ၏ ဟဒီးစ်တော် များ တွင် ထင်ရှား စွာတင်ပြထားပါသည်။ ယခု ကျနော်အနေဖြင့် ဤ ရီဝါယသ်တော်များကို ရှင်းပြပြီး ခွဲခြမ်း စိတ်ဖြာ ပါမည်။
ဒုတိယနည်း။ ။ဂိုနာဟ်ဟေကဘီရဟ်ဆိုသည်မှာ ကျမ်းတော်မြတ် နှင့် စွန္နသ် သေမိုအ်သဗရဟ် တို့တွင် ကျူးလွန်သူအတွက် ဂျဟန္နမ် ဖြစ်ကြောင်း အတည်အလင်း ကတိကဝတ်ပြုထားသည့် ဂိုနာဟ် များကို ခေါ်ဆိုပါသည်။[3] သို့မဟုတ် ကျမ်းတော်မြတ်ကုရ်အာန် နှင့် ဟဒီးစ်တော် တွင် ဂျဟန္နမ် ဖြစ်ကြောင်း အတည်အလင်း မဖော် ပြထားသော်လည်းပဲ အဇါးဗ် အတွက် ကတိကဝတ်ပြုထားပါသည်။ သာဓက အားဖြင့် မဟာတမန်တော်မြတ် (ဆွ) ၏ မိန့်မှာ တော်မူ ချက်ဖြစ်ပါသည်။
من ترک الصلاة متعمداً فقد برئت منه ملة الاسلام[4].
ဤရီဝါယသ်တော်တွင် အဇါးဗ် ချမှတ်ရန် ကတိကဝတ်ပြုထားသည့် အရိပ်အမြွက် သည်ပါရှိပြီး ထင်ရှား ပြတ်သားစွာ မပါရှိချေ။ ဤ ကဲ့သို့သော် ရီဝါယသ် တော်အများအပြား ရှိပါသည်။ ဟဇရသ် အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အ.စ) နှင့် အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော်မူသည်။
الکَبَائِرُ کُلُّ مَا اَوْعَدَ اللّٰهُ عَلَیْهِ النَّارْ.[5]
ဂိုနာဟ်ဟေကဘီရဟ်ဆိုသည်မှာထိုဂိုနာဟ် (အပြစ်)ဖြစ်ပါသည်။ ၎င်းဂိုနာဟ် အတွက် အလ္လာဟ်ဟို အရှင်မြတ် မှ ဂျဟန္နမ်သို့ ပို့မည် ကတိကဝတ်ပြုထားပါသည်။
ပြီးနောက် ရှေ့တွင် ဖော်ပြမည့် ဖြစ်သည့် အေမာမ်ဇာ ဒေဟ် (အေမာမ် ၏ သားတော်) အဗ်ဒိုလ်အဇီးမ် ဟစန်နီ (ရ.သွေ) ၏ မှန်ကန်သည့် ရီဝါယသ်တော်ဖြင့် သိရှိရ သည်မှာ အလ္လာဟ် ဟို အရှင်မြတ် ကတိကဝတ်ပြုထားသည့် အဇါးဗ် သည် ကျမ်း တော်မြတ် ကုရ်အာန် တွင်လာရှိသည်ဖြစ်စေ သို့မဟုတ် စွန္နသ် တော် နှင့် ဟဒီးစ်တော် များတွင် လာရှိသည် ဖြစ်စေ မည်သို့မျှ မထူး ခြားချေ။
တတိယနည်း။ ။ကျမ်းတော်မြတ်ကုရ်အာန် နှင့် စွန္နသ် သေမိုအ် သဗရဟ် တွင် အထင်အရှား ဖော်ပြထားသာဂိုနာဟ် တိုင်းကို ဂိုနာဟ်ဟေကဘီရဟ် ဟု ခေါ်ဆိုပါသည်။ အကယ် ၎င်းဂိုနာဟ် နှင့်ယှဉ်လို့ သူထက် ကြီးမားသည့် ဂိုနာဟ်ပင် ဖြစ်နေပါစေ။ ၎င်းသည် ဂိုနာဟ် (အပြစ်) ဖြစ်ပါသည်။ သာဓက အားဖြင့် လူသတ်ခြင်း သည် ဂိုနာဟ်ဟေကဘီရဟ် မှ ဖြစ်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် နှင့် စွန္နသ် တော် တွင် အထောက် အထား အခိုင်အလုံလာရှိ ပါသည်။ ဤအတွက်ကြောင့် ဂျနာဗ် မဲဟ်ဗူးပ် ၏ မှန်ကန် ဟဒီးစ် တော် တွင် နဖ်စေ မိုဟ်သရန်မ် (အပြစ်မဲ့အသက်)ကို သတ်ခြင်းအား အထင်အရှား ဂိုနာဟ်ဟေကဘီရဟ် ဖြစ်ကြောင်း တင်ပြထားပါသည်။ ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် တွင် (အပြစ်မဲ့) လူသတ်သမား အတွက် အဇါးဗ် ပေးမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထား ပါ သည်။ထိုအတွက်ကြောင့် အကယ်၍ ကျမ်းတော်မြတ်ကုရ်အာန် တွင် သို့မဟုတ် စိတ်ချရသည့် (မှန်ကန်သည့်) စွန္နသ် တော်တွင် မည်သည့် ဂိုနာဟ် သည် လူသတ်သည့် ဂိုနာဟ် ထက်ပို၍ ကြီးမားသည့် ဂိုနာဟ် ဖြစ်ကြောင်း ထင်ရှားစွာသိရှိရမည်ဆိုလျှင် ၎င်း ၎င်း ဂိုနာဟ်သည်လည်း ကဘီရဟ် (ကြီးမား လေးလံ သည့် အပြစ် ) ပင်ဖြစ်ပါသည်။ သာဓက အားဖြင့် ပြဿနာ ဖြစ်အောင် လှုံဆော်သူ နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ် အာန် တွင် မိန့် တော် မူထားပါသည်။
وَالْفِتْنَةُ اَکْبَرُ مِن الْقَتْلِ[6].
ဤအာယသ်တော်ဖြင့် ကျနော်တို့ စိတ်ချမှု ရရှိ သွား သည်မှာ ပြဿနာ ဖြစ်အောင်လှုံဆော်ခြင်း လည်းပဲ ဂိုနာဟ် ဟေ ကဘီရဟ် စာရင်းဝင် ကြောင်း ဖြစ်ပါသည်။
စတုတ္တနည်း ။ ။ ဂိုနာဟ်ဟေကဘီရဟ် ဆိုသည်မှာ သာသနာကို ကိုင်းရှိုင်းသူများ နှင့် ရှရီအတ်ကိုမြတ်နိုးသူများ ၏အမြင်တွင် ကြီးမားသည့် ဂိုနာဟ် ဟု မြင်သည့် ဂိုနာဟ် အား ခေါ်ဆိုပါသည်။ ဤကဲ့သို့ စိတ်ချယုံကြည်မှုကို ရရှိမည်ဖြစ်ပါသည်။ဥပမာ မည်သည့် ဂိုနာဟ်သည် ဤအချိန် မှစ၍ မအ်စူမ် (အ.စ) အချိန်ထိ ဘာသာ ရေး ကိုင်းရှိုင်း သူများ အားလုံး စဉ်ဆက်မပြတ် ဂိုနာဟ်ယေ ကဘီရဟ် အဖြစ် သတ်မှတ် စာရင်း သွင်း၍ လာခြင်း ဖြစ်ပါသည်။ သာဓက အားဖြင့် ဥပဒေကို သိလျက် ကအ်ဗာဝတ်ကျောင်းတော် အား မရိုမသေ ပြုလိုသည့် နီယသ်ဖြင့် နဂျစ် ဖြစ်အောင်ပြုလပ်ခြင်း ဖြစ်ပါသည်။ သို့မဟုတ် နအူဇိုဗစ်လ္လာဟ် ကျမ်းတော်မြတ် ကုရ်အာန် အား အဝေးသို့ ပစ်ထုတ်ခြင်း စသည်ဖြင့် ဂိုနာဟ်ဟေကဘီရဟ် စာရင်းဝင်များ ဖြစ်ပါသည်။
ဂိုနာဟ်ဟေကဘီရဟ် (ကြီးမားလေးလံသည့် အပြစ်များ) ကိုသတ်မှတ်သည့် ဆရက်ဒ် (ရ.ဟ) တင်ပြ မိန့်ကြား ထားသည့် နည်းလမ်း လေးခု ဖြစ်ပါသည်။ ၎င်းနည်းလမ်း လေးခု တွင် ပထမ နည်းလမ်းမှ ဂိုနာဟ်ဟေကဘီရဟ် ဖြစ်ကြောင်း (نص) စာသား အထင်အရှား ရှိခြင်း ဖြစ်ပါသည်။ ကျန် နည်းလမ်း သုံးခု မှ ဂိုနာဟ်ယေ ကဘီရဟ် ဖြစ်ကြောင်း နည်းလမ်း တစ်ခုခု နှင့် သက်သေထူခြင်း ဖြစ်ပါသည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ် ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
=======================================
END /251
[1]ဆရက်ဒ် အီမာအီးလ် ဟမီးရီ (ရ.ဟ) အဲဟ်လေ့ဘိာက် (အ.စ) နှင့်ပတ်သက်ပြီး စပ်ဆိုသည့် ကဗျာ ဆရာ တစ်ဦးဖြစ်ပါသည်။ ဟီဂျရီ ၁၇၃ ခုနှစ်တွင် အလ္လာဟ်အမိန့် ခံယူခဲ့ပါသည်။ ဟဇရသ် အလီ (အ.စ) ၏ ကြီးကျယ်မြင့်မြတ် မှု တစ်ဦးတိုင်း အတွက် ကစီဒဟ် တစ်ပုဒ် သီးကုံး ရေးသား သူဖြစ်ပါသည်။ ၎င်းကို မည်သည့် မဂ်ျလစ် တစ်ခုခု တွင်မဆို မိမိကစီဒဟ်များ မှ တစ်ခုခု မဖတ်ပြရမခြင်း စိတ်တည်ငြိမ်မှု မရသူ ဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးကွယ်လွန်သည့်အချိန် တွင် ကြီးမားသည့် ကရာမသ် ဖြစ်ပေါ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ရှီအာ နှင့် စွန်နီ စာအုပ်များ တွင် သာဓက အားဖြင့် အလ်ဂဒီးရ် ၊ အတွဲ ၃ ၊ ကေသာဗိုလ်အဂါနာ ၊မိုနာကစ်ဗ်ဗေ စရ်ဝရီ ၊ကရှဖိုလ်ဂန်မဟ် ၊အမာလီ ရှိက်ခ် ဆဒူက် ၊ ဗရှရာသွလ်မွတ်စ်သဖွာ နှင့် ရေဂျာကရှီ တို့တွင် ဤဖြစ်ရပ်မှန် အား ဆင့်ပြန် တင်ပြထားပါသည်။ ဤ ၏ အကျဉ်းမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်။ ဆရက်ဒ် ဆပ် ကွယ်လွန်သည့် အချိန် ရှိအာ မဇ်ဟာဗ်အား ဆန့်ကျင် သည့် အုပ်စု တစ်စု ပေါ်လလာခဲ့ပါသည်။ ဆရက်ဒ် ဆပ်သည့် ရုပ်ရည် ချောမောသူ တစ်ဦး ဖြစ်ပါသည်။ အနီ နှင့် အဖြူရောင် မျက်နှာ ပိုင်ရှင်ဖြစ် ပေသည်။ အကြိမ်ကြိမ် နှင့် အများအပြား ဝမ်းနည်းကြေကွဲမှု ကို ထုတ်ဖော်လေ့ရှိပါသည်။ ၎င်းအချိန်အခါ တွင် ဆရက်ဒ် ဆပ်၏ မျက်နှာ တွင် မှင်ကဲ့သို့ သော် အမဲစက်တစ်ခု ထွက်ပေါ် လာပါသည်။ ထိုအမဲစက် အားကြည့်နေရင်း အလျင်မြန် ပျံ့နှံ့ လေသည်။ မျက်နှာ တစ်ခု လုံး ကျောက်မီး သွေး ပမာ မည်း သွားသည့်အထိဖြစ်လေသည်။ ဆန့်ကျင် ဘက်များ ပျော်ရွှင်ပြီး ကဲ့ရဲ့ ပြစ်တင်ကြပါသည်။ ဆရက်ဒ်ဆပ် တိတ်ဆိတ်နေပြီး မူးလဲသွားလေ၏။ သတိပြန် ပြီး ရသည့်အခါ မျက်စိ ဖွင့်ကြည့် ပြီး နဂျဖ်ဖေအရှ်ရဖ် သို့မျက်နှာမှု ၍ တမ်းတ လေ၏။ အို… အမီးရွလ်မိုအ်မေနီ ၊ အို … မတတ်နိုင်သူများ ၏ မျှော်လင့်ရာ ဗဟို ၊ ကိုယ်တော် အနေဖြင့် ကိုယ်တော်အား အချစ်ထားသူများကို ဤကဲ့သို့ ဆက်ဆံပါသလား ? ဤဝါကျ အား ဆက်ထပ် သုံးကြိမ် သုံးခါ တမ်းတခဲ့ ပါသည်။ ထိုအချိန် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ ကစမ် ဆရက်ဒ် ဆပ်၏ နဖူးပြင်တွင် နူးရ် (ခ) အလင်းရောင် ပေါ်ထွက် လာပါသည်။ တဖြည်း ဖြည်းခြင်း ပျံ့နှံ့ သွားပြီး မျက်နှာ တစ်ခု လုံး လပြည့်ည တွင် လင်းဝင်းနေသည့် လမင်းပမာ တောက်ပနေပါသည်။ ဆရက်ဒ်ဆပ်မှ လည်းပြုံး၍ ပီတိ နှင့်အတူ အောက်ဖော်ပြပါ ကဗျာ အားရေးစပ် သီးကုံး ထားပါ သည်။
کَذِبَ الزَا عِمُوْنَ اَنَّ عَلَیّاً
لَنْ یُّنْجِی مُحِبُّهُ مِنْ هَتَاتِ
قَدْوَرَبِّیْ دَخَلْتُ جَنَّةَ عَدْنٍ
وَعَفَالِیَ الْاِلٰهُ عَنْ سَیِّئاتی
فَاَبْشِرُوا الْیَومَ اَوْلیاءَ عَلیٍ
وَتَولُّوْا عَلِیاً حَتّیٰ الْمَمَاتِ
ثُمَّ مِنْ بَعْدِهِ تَوَلُّوْا بَنِیْهِ
وَاحِداً بَعْدَ وَاحِدٍ بِالصِّفاتِ .
စကားပြေ အဓိပ္ပာယ် ။ ။ ဟဇရသ် အလီ (အ.စ) သည် မိမိ၏ ချစ်သူများ ကို အခက်အခဲ ကြားမှ လွတ်မြောက်အောင် မပြုနိုင်ဟု ထင်နေကြ သူများ သည် လိမ်ပြောနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ အရှင်မြတ် ၏ ကစမ် ၊ ကျွန်ုပ် ဂျန္နသ် (အမတသုခဘုံ) တွင် ဝင်ရောက် ခဲ့ပါသည်။ ဧကန်မုချ အလ္လာဟ်ဟို အရှင်မြတ် သည် ကျနော် ၏ဂိုနာ (အပြစ်)အား ခွင့်လွတ် တော်မူခဲ့ပါသည်။ သို့ဖြစ်ပါ၍ အို ဟဇရသ် အလီ (အ.စ) အား အချစ်ထားသူများ အသင်တို့ အတွက် သတင်းကောင်း ဖြစ်ပါသည်။ နောက်ဆုံး ထွက်သက် အထိ အလီ (အ.စ) အား အချစ်ထားပါလေ။ ပြီးနောက် ကိုယ်တော် (အလီ (အ.စ) ) ၏ အေမာမ် ၏အရည် အချင်း၊ အရည် အသွေး များကို ပိုင်ဆိုင်ထားသည် တစ်းပါး ပြီးနောက် တစ်ပါး ဖြစ်သည့် သားတော်မြေးတော် ၁၁ပါး အားအချစ်ထားရမည်ဖြစ်ပါသည်။ ဤကဗျာလေးပုဒ် ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် တစ်ပါးတည်း တစ်ဆူတည်း ဖြစ်ခြင်း ကိုယ်တော်မြတ် (ဆွ) ၏ ရေစာလသ် နှင့် အမီးရွလ် မိုအ်မေနီ မောင်လာအလီ (အ.စ) ၏ ဝေလာယသ် အား နှုတ်ဖြင့် သက်သေထွက်ဆို လေ၏။ မျက်စိအားပိတ်ပြီး လောကကြီး မှ ထွက်ခွာ သွားလေ၏။ ထိုနည်းတူစွာ အလ်ဂဒီးရ် ကျမ်း တွင်ဆင့်ပြန် ချက်လာရှိပါသည်။ အဲဟ်လေ့ဘိုက် (အ.စ) အား ချီးမွမ်းသူကဗျာဆရာ ဂျနာဗ်ဗေ ကမ်ယသ်သည် ကွယ်လွန်ချိန် ပြောဆို သည်မှာ - အလ္လာဟ် ဟွမ်မာ အာလေ မိုဟမ္မဒ် ၊ အလ္လာဟ်ဟွမ်မာ အာလေ မိုဟမ္မဒ် ဖြစ်ပါ သည်။ဗေဟာရွလ်အန်နဝါရ် ကျမ်းတွင် ဆင့်ပြန်ချက်လာရှိသည်မှာ ဂျနာဗေ အဗ်ဒွလ္လာဟ်ဗင် အဘာစ် သည် အသက်ငြင်နေချိန် တွင် ပြောဆို သည်မှာ - အိုအလ္လာဟ်ဟိုအရှင်မြတ် သခင် ကျနော်မျိုးအား အလီ ဗင် အဘီ သွာလစ်ဗ် (အ.စ) ၏ အချစ်ဖြင့် အသင်၏ နီးစပ်မှုကို ရရှိခဲ့ပါ သည်။
[2]ရှိက်ခ် ဗဟာအီ ဆင့်ပြန်တင်ပြပါသည်။တစ်ဦးတစ်ယောက် သည် အသက်ငြင်နေသည့်အချိန်တွင်
[3]စူရာဟ် နေစာ ၊အာယသ်တော်အမှတ် ၉၃
[4]جامع احادیث ج 4 ص 74
[5]الکبائر کل ما اوعدالله علیه النار . (وسائل کتاب جهاد ج 11 ص 250 )
[6]စူရာဟ် ဗကရာဟ် ၊ အာယသ်တော်အမှတ် ၂၁၇