အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းဖြစ်နေသည့်အတွက် ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။
စီမံ၊ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းနှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့မှာလည်း ဆေးရုံတက်ရောက်ကုသနေရဆဲဖြစ်သည်။
ယနေ့ရုံးချိန်းမှာ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငါးဦးကို စွဲဆိုထားသည့် ပုဒ်မ ၃(၁)(ဂ)အမှုကို စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်သည်။
ထို့ကြောင့် ယနေ့ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ပြီး နောက်တစ်ပတ်ကြာသပတေးနေ့သို့ ထပ်မံချိန်းဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပြီး ပုဒ်မပေါင်းများစွာဖြင့် တရားစွဲခံထားရသည်။ ထိုအထဲမှ အမှု ငါးမှုအတွက် ထောင်ဒဏ် ရှစ်နစ်ချမှတ်ခံထားရပြီး နှစ်နှစ်ကို ပြန်လည်လျော့ပေါ့ပေးကြောင်း သူ့ကိုဖမ်းဆီးခဲ့သော အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။
====================================
END /251
၃ ဖေဖော်ဝါရီ ၂၀၂၂ - ၁၉:၀၅
News ID: 1225653
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းဖြစ်နေသည့်အတွက် ယနေ့ ဖေဖော်ဝါရီ ၃ရက်နေ့ရုံးချိန်းသို့ လာရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။