၃ ဖေဖော်ဝါရီ ၂၀၂၂ - ၁၉:၀၅
  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည် ​နေမ​ကောင်း၍ ယ​နေ့ရုံးချိန်း ခွင့်ယူ

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​​အောင်ဆန်းစုကြည်မှာ ​နေမ​ကောင်းဖြစ်​နေသည့်အတွက် ယ​နေ့ ​ဖေ​ဖော်ဝါရီ ၃ရက်​နေ့ရုံးချိန်းသို့ လာ​ရောက်နိုင်ခြင်းမရှိ​ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​​အောင်ဆန်းစုကြည်မှာ ​နေမ​ကောင်းဖြစ်​နေသည့်အတွက် ယ​နေ့ ​ဖေ​ဖော်ဝါရီ ၃ရက်​နေ့ရုံးချိန်းသို့ လာ​ရောက်နိုင်ခြင်းမရှိ​ကြောင်း သိရသည်။

စီမံ၊ ဘဏ္ဍာ ပြည်​ထောင်စုဝန်ကြီးဦးစိုးဝင်းနှင့် ဝန်ကြီး​ဟောင်း ဦး​ကျော်ဝင်းတို့မှာလည်း ​ဆေးရုံတက်​ရောက်ကုသ​နေရဆဲဖြစ်​သည်။

ယ​နေ့ရုံးချိန်းမှာ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်၊ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် ငါးဦးကို စွဲဆိုထားသည့် ပုဒ်မ ၃(၁)(ဂ)အမှုကို စစ်​​ဆေးရန် ချိန်းဆိုထားခြင်းဖြစ်သည်။

ထို့​ကြောင့် ယ​နေ့ရုံးချိန်းကို ​ရွှေ့ဆိုင်းခဲ့ပြီး ​နောက်တစ်ပတ်ကြာသပ​တေး​နေ့သို့ ထပ်မံချိန်းဆိုထားသည်။

ဒေါ်​အောင်ဆန်းစုကြည်မှာ စစ်​ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံထားရပြီး ပုဒ်မ​ပေါင်းများစွာဖြင့် တရားစွဲခံထားရသည်။ ထိုအထဲမှ အမှု ငါးမှုအတွက် ​ထောင်ဒဏ် ရှစ်နစ်ချမှတ်ခံထားရပြီး နှစ်နှစ်ကို ပြန်​လည်​လျော့​ပေါ့​ပေး​ကြောင်း သူ့ကိုဖမ်းဆီးခဲ့သော အာဏာသိမ်း စစ်​ကောင်စီက ​ကြေညာခဲ့သည်။

====================================
END /251