၁၀ ဖေဖော်ဝါရီ ၂၀၂၂ - ၁၃:၀၁
 မင်းတပ်မြို့နယ်၌ စစ်‌ကောင်စီတပ် လက်နက်ကြီးကျည် ထိ၍ ၇ တန်း ကျောင်းသားသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ကိုးမိုင် အနီးရှိ ရွာများကို လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်မှုကြောင့် အသက် ၁၅ နစ်အရွယ် ခုနစ်တန်း ကျောင်းသား မောင်ကီးဟုန်း သေဆုံးခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်ဟု မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ်၊ မတူပီမြို့မှ  မင်းတပ်မြို့သို့ ပြန်ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းသည် ကိုးမိုင် အနီးရှိ ရွာများကို လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်မှုကြောင့် အသက် ၁၅ နစ်အရွယ် ခုနစ်တန်း ကျောင်းသား မောင်ကီးဟုန်း သေဆုံးခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့သည်ဟု မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်သည်။

ကိုးမိုင်အနီး လျှိုမြှောင်ထဲ၌ ပုန်းအောင်းနေသည့် မောင်ကီးဟုန်းသည် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် အဆိုပါ စစ်ယာဉ်တန်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

မိုင်ပေါင်း ၁၀၄ မိုင် ကွာဝေးသည့် မတူပီ-မင်းတပ် ခရီးကို စစ်ယာဉ်တန်းသည် ၁၅ ရက် ကြာအောင် သွားခဲ့ရပြီး လမ်းတစ်လျှောက် CDF-Mindat အဖွဲ့နှင့် တိုက်ပွဲပေါင်း ၂၀ နီးပါး ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး  စစ်တပ်ဘက်က အကျအဆုံး များခဲ့သည်။

ထိုစစ်ယာဉ်တန်းသည် မင်းတပ်မြို့သို့  ရောက်ရှိစဉ် မြို့ပေါ်မှနေ၍ ကျေးရွာများ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့  ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းတွင်မူ ကျောက်ထုမြို့သို့ ဆင်းသွားသည်။

****************************************************************
END / 251