အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ သတင်း အထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၄၃ နှစ်မြောက် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နှစ်ပတ်လည် နေ့ အား ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အတိုင်း အီရန် ပြည်သူလူထု မှ စိတ်အား ထက်သန်စွာ ဖြင့်ဆင်နွှဲ ခဲ့ကြပါတယ်။ ဤနေ့သည် အီရန် လ ၊ ဗဲဟ်မန်လ ၂၂ ရက်နေ့ ဖြစ်ပြီး အီရန် အမျိုးသားရေး စိတ်ဓာတ် နှင့် ဘာသာရေး စိတ်ဓာတ် ရှိသူများ၏ အောင်ပွဲခံသည့်နေ့ လည်းဖြစ် ပါတယ်။ အီရန် ပြည်သူလူထု မှ မော်တော်ကား ဆိုင်ကယ်များ ဖြင့် ချီတက် အောင်ပွဲ ခံခဲ့ကြပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် နှင့် အခြား မြို့ကြီး မြို့ငယ်များတွင်လည်း မော်တော်ကား ဆိုင်ကယ်များ ဖြင့် ၄၃ နှစ်မြောက် အစ္စလာမ်မစ် တော်လှန်ရေး နှစ်ပတ်လည် နေ့ အား ချီတက်ပွဲများ ပြုလုပ်၍ စိတ်အား ထက်သန်စွာ ကျင်းပြခဲ့ကြပါတယ်။ ချီတက်ပွဲတွင် “ အမေရိကန် ကျဆုံးပါစေ ” ၊ “ အစ္စရေ ကျဆုံးပါစေ ” ဆိုသည့် ညာသံများ ပေးခဲ့ကြပါတယ်။
အီရန် နိုင်ငံ တွင် နှစ်စဉ်နှစ်တိုင်း အီရန်လ ၊ ဗဲဟ်မန်လ ၂၂ ရက်ရောက်တိုင်း အစ္စလာမ်မစ် တော်လှန်ရေး နှစ်ပတ်လည် နေ့ အဖြစ်ကျင်းပကြပါတယ်။
အမှန်တကယ် ဗဲမန် လသည် အစ္စလာမ် ၊ ကျမ်းတော်မြတ်ကုရ်အာန် ၊ မွတ်စလင်မ်များ နှင့် အဖိနှိပ်ခံများ ၏ ဂုဏ်သိက္ခာကို မြှင့်တင်သည့်လ ၊ ဂုဏ်သိက္ခာပေးသည့်လ ဖြစ်ပါတယ်။ ဤလသည် အမေရိကန် ကိုလိုလားသည့် အီရန် ဘုရင်စနစ်ကျဆုံးသည့်လ ဖြစ်ပါတယ်။
ဤလသည် လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် နှင့် ကြံ့ကြံ့ခံမှု ကို သင်ပေးသည့်လ ဖြစ်ပါတယ်။ ဤလမြတ်တွင် သန့်စင်သန့်ရှင်း သည့် ကျောသားရင်သားမခွဲခြားသည့် အစ္စလာမ်မစ် တော်လှန်ရေး ၏ သမိုင်းဝင် အကြီးအကျယ်အောင်ပွဲရခဲ့သည့် လ ဖြစ်ပါတယ်။
ကိုရိုနာ ရောဂါကြောင့် အစ္စလာမ်မစ် တော်လှန်ရေး ၏ ၄၃ နှစ် မြောက် နှစ်ပတ်လည် အခမ်းအနား အား လူထုများ မှ ခြေလျင် ချီမတက်တော့ဘဲ မော်တော်ကားများ ဆိုင်ကယ်များဖြင့် ချီတက် ၍ အေင်ပွဲခံပွဲကို ဆင်နွှဲ ခဲ့ကြပါတယ်။
ဤနေ့ သည် အစ္စလာမ့် ရန်သူများ အထူးသဖြင့် အမေရိကန် ၊အစ္စရေး နှင့်အပေါင်းအပါများ အား စိတ်နှလုံးထိခိုက်စေသည့်နေ့ လည်း ဖြစ်ပါတယ်။
****************************************************************
END / 251