၁၃ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၉
 တောင်ကိုရီးယားနိုင်ငံ ဘူဖြောင်းဘူတာရှေ့တွင် NUG ငွေတိုက်စာချုပ်များ ရောင်းချ

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းဘူတာ ရှေ့အဝိုင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ ကိုရီးယားအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က NUG ငွေတိုက်စာချုပ်တွေ ရောင်းချခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းဘူတာ ရှေ့အဝိုင်းမှာ အမျိုးသား ညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ ကိုရီးယားအဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၃  ရက်နေ့က NUG ငွေတိုက်စာချုပ်တွေ ရောင်းချခဲ့ပါတယ်။

NUG ငွေတိုက်စာချုပ်နဲ့ One Day Challenge ကမ်ပိန်းကို ကိုရီးယားနိုင်ငံအတွင်ရှေိ ဘူဖြောင်းဘူတာရှေ့အဝိုင်းနဲ့ ဖိုချောန် "ထွန်းတောက်ဖြိုး" မြန်မာစားသောက်ဆိုင်တို့မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရ်အထိ မြေပြင်ဆင်း ရောင်းချပေးခဲ့တာလို့ စစ်အာရှင် ဆန့်ကျင်ရေး ကော်မတ်တီ ကိုရီးယားအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်နေ့တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ငွေတိုက်စာချုပ်တွေကို မြန်မာအများစုဝေးရာ ဘူဖြောင်းမြို့ရှိ မြန်မာရပ်ဝန်း ဘူဖြောင်းဘူတာအနီး ဘူဖြောင်းရင်ပြင်မှာ ကိုရီးယားနိုင်ငံ နှစ်သစ်ကူးပိတ်ရက်အတွင်း မြန်မာငွေ သိန်း ၅၀၀၀ ဖိုးနီးပါး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

****************************************************************
END / 251