အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောင်းအိုင်လန်အရပ်မှာရှိတဲ့ စီးပွားရေး ရပ်ကွက်ထဲကို လောင်စာဆီတင် ယာဉ်တစီး မောင်းဝင် တိုက်မိခဲ့လို့ ဖေဖော်ဝါရီ ၁၅ ရက်က အကြီးအကျယ် ပေါက်ကွဲမီးလောင် ခဲ့ပါတယ်။
လောင်စာတင်ယာဉ်ဟာ မတိုက်မိခင်က ဓာတ်ဆီ ခန့်မှန်းခြေ ဂါလံ ၁၃၀၀၀ လောက် တင်လာခဲ့တယ်လို့ အေဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
ကားမောင်းသူက ကားပေါ်ကနေ ထွက်ပြေးနိုင်ခဲ့ကာ အသေးစား ဒဏ်ရာတွေအတွက် ကုသခံ နေရတယ်လို့လည်း ဆိုပါတယ်။ မီးသတ်သမား သုံးယောက်ကိုလည်း ဒေသခံဆေးရုံမှာ ဆေးကုသ ပေးခဲ့ရပါတယ်။
ပေါက်ကွဲမီးလောင်ခဲ့တဲ့ နေရာဟာ ယာဉ်အသွားအလာများတဲ့ အဓိကလမ်းမကြီး ဖြစ်ရာ ဆန်းရိုက်စ် အဝေးပြေးလမ်းပိုင်းနဲ့ နီးတဲ့နေရာမှာလို့လည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
****************************************************************
END / 251
၁၇ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၇
News ID: 1230651
အမေရိကန်နိုင်ငံ နယူးယောက်မြို့ လောင်းအိုင်လန်အရပ်မှာရှိတဲ့ စီးပွားရေး ရပ်ကွက်ထဲကို လောင်စာဆီတင် ယာဉ်တစီး မောင်းဝင် တိုက်မိခဲ့လို့ ဖေဖော်ဝါရီ ၁၅ ရက်က အကြီးအကျယ် ပေါက်ကွဲမီးလောင် ခဲ့ပါတယ်။