၂၀ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၈
  ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ - D လမ်း၊ ၁၁၉ လမ်း နဲ့ ၁၂၀ လမ်းကြားမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှုးတစ်ဦး ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ ၆၇ - D လမ်း၊ ၁၁၉ လမ်း နဲ့ ၁၂၀ လမ်းကြားမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှုးတစ်ဦး ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်လောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ပစ်သတ်ခံရသူဟာ (ဂ) ရပ်ကွက်၊ ရာအိမ်မှူး ဦးထွန်းဝေဆိုသူဖြစ်ပြီး နေအိမ်ရှေ့ထိုင်နေချိန်မှာ အမည်မသိ လူနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတာလို့ ရပ်ကွက်နေသူတချို့ က ပြောပါတယ်။

“ပစ်ခံရတုန်းက မသေသေးဘူး။ ဆေးရုံရောက်မှ သေသွားတာ။ ပစ်ခံရပြီးတော့ အရပ်ဝတ်နဲ့ သေနတ်ကိုင်တချို့တော့ ရောက်လာကြတယ်” လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတာကြောင့် ဦးထွန်းဝေမှာ ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီးကို တင်ပို့ကုသစဉ် သေဆုံးသွားတာလို့ ဆိုပါတယ်။

ဦးထွန်းဝေကို ဘာကြောင့် သေနတ်နဲ့ ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

****************************************************************
END / 251