၅ မတ် ၂၀၂၂ - ၂၀:၁၁
စစ်အာဏာရှင်ကိုတော်လှန်နေသည့် PDF ရဲဘော်များ၏ စွမ်းရည်ကို ULA/AA ချီးကျူး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လုပ်ရဲတဲ့သတ္တိတွေကို မချီးကျူးဘဲမနေနိုင်ဘူးလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက မတ်လ ၅ ရက် ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ လုပ်ရဲတဲ့သတ္တိတွေကို မချီးကျူးဘဲမနေနိုင်ဘူးလို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခက မတ်လ ၅ ရက် ဒီကနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေရဲ့တစ်ခုမှမရှိတဲ့ အခြေနေကနေ အခုလို လုပ်ရဲတဲ့သတ္တိကိုတော့ ကျနော်တို့က မချီကျူးဘဲမနေနိုင်ဘူး” လို့ ခိုင်သုခက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ PDF တွေအနေနဲ့ အခုထက် စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်မှုပိုင်းတွေကို ပိုမိုစနစ်တကျထိန်းကျောင်းမှုရှိလာမယ်ဆိုရင် ပိုပြီးကောင်းလာနိုင်တယ်လို့ ULA/AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပြောပါတယ်။

ULA/AA အနေနဲ့ NUG နဲ့ တရားဝင်ဆက်သွယ်မှု မရှိသေးသလို  စစ်ကောင်စီနဲ့လည်း ဘာသဘောတူညီချက်မှ ယူထားခြင်းမရှိသေးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ULA/AA အနေနဲ့ ပြည်မက ပြည်သူတွေနဲ့ ဖိနှိပ်ခံရမှုကိုစာနာမှုရှိသလို ကိုယ်ချင်းလည်းစာပြီး ဖိနှိပ်မှုအောက်ကလွတ်မြောက်လိုမှုနဲ့ ကြိုးစားနေမှုတွေကိုလည်း အသိအမှတ်ပြုတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ULA/AA ရဲ့ ပထမအကြိမ်သတင်းစာရှင်းလင်းမှုကို မတ်လ ၅ ရက် မနက်ပိုင်းက အွန်လိုင်းကတဆင့် ပထမအကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

****************************************************************
END / 251