၁၄ မတ် ၂၀၂၂ - ၂၀:၂၆
ချင်းပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝနဲ့ မတူပီမြို့နယ်မှာ ချင်း‌ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ၊ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ CDF-Paletwa က ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ချင်းပြည်နယ်၊ ပလက်ဝနဲ့ မတူပီမြို့နယ်မှာ  ချင်း‌ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ၊ CDF-Paletwa နဲ့ ချင်းအမျိုးသားတပ်မတော် CNA တို့ပူးပေါင်းပြီး စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ၁၅  ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  CDF-Paletwa က ထုတ်ပြန်ပါတယ်။

မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၂ ဦးကျဆုံး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။  

စစ်ကောင်စီတပ်သားတွေလာတာကို သတင်းရလို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း  CDF-Paletwa ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။    

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထယ်ဘွေ့စခန်းအဝင်လမ်းကြောင်းတ‌လျှောက် ပိတ်ဆို့ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ တွီဆော့ကုန်း ကျေးရွာထဲက လူနေအိမ် စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။  

****************************************************************
END / 251