အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့ရှီအာ လောက ၏ အကျော်အမော် မရ်ဂျာများ မှ တစ်ပါးဖြစ်သည့် ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် အလီ အလဝီ ဂိုရ်ဂါနီ သည် အီရန် နိုင်ငံ ကွမ်းမြို့ ရှိ ရှဟီးဒ် ဗေဟေရှ်သီ (ရ.ဟ) ဆေးရုံ တွင် ဆေးကုသနေရင်း နှလုံးရောဂါ ဝေဒနာ ဖြင့် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူသွား ကြောင်း ဝမ်းနည်းကြေကွဲ စွာ အသိပေးတင်ပြအပ်ပါတယ်။
ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် အလီ အလဝီ ဂိုရ်ဂါနီ ရုံးမှ အောက်ပါ အတိုင်း ထုတ်ပြန် ကြေညာထားပါတယ်။
بسم الله الرحمن الرحیم
الذین تتوفیهم الملائکه طیبین یقولون سلام علیکم ادخلوا الجنه بما کنتم تعملون .
ယနေ့ ၃နာရီခွဲ ခန့် အချိန် တွင် ဆရာဝန်များ၏ ကြိုးပမ်း အားထုတ်ကုသပေးနေသည့် အကြား ကမ္ဘာ့ရှီအာ လောက ၏ အကျော်အမော် မရ်ဂျာများ တစ်ပါး ဖြစ်သည့် ၊ မြင်မြတ်သည့် ဝိညာဉ်ပိုင်ရှင် ၊ အဲဟ်လေ့ဘိုက် (သ) (အ.စ) အား အချစ်မေတ္တာ ထားရှိသူ ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် အလီ အလဝီ ဂိုရ်ဂါနီ သည် နှလုံးရောဂါ ဝေဒနာ ဖြင့် အလ္လာဟ် ဟိုအရှင်မြတ် ၏ အမိန့်တော် ခံယူသွား ခဲ့ပါသည်။
ဤအစားပြန်မရသည့် ဆုံးရှုံးမှု အတွက် မရ်ဟွန်မ် အာယာသွလ္လာဟ် ၏ အချစ်တော် မောင်လာ ၊ ဟဇရသ် ဗကီးယသွလ္လာဟ်ဟေလ်အအ်ဇန်းမ် (အ.ဂျ) ၊ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၊ အိုလမာ ၊ ဟောင်ဇေအေလ်မီယေများ နှင့် ဂုဏ်သရေရှိ အီရန်ပြည်သူ့လူထု ၊ အာယာသွလ္လာဟ်အား အချစ် ထား သည့်ကမ္ဘာပေါ်ရှိသူများ အားလုံး အား ဝမ်းနည်းကြေကွဲကြောင်း တင်ပြအပ်ပါသည်။
အာယာသွလ္လာဟ်၏ ဈာပန အစီအစဉ် အား မကြာမီ အချိန် တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း အသိပေး မေတ္တာရပ်ခံ အပ်ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် အလီ အလဝီ ဂိုရ်ဂါနီ (ရ.ဟ) ရုံး
****************************************************************
END / 251