၁၇ မတ် ၂၀၂၂ - ၁၈:၂၃
 ပြွန်တန်ဆာမြို့ ပင်းတလဲကွေ့အနီး ဆီဘောက်ဆာယာဉ်တစီး မီးလောင်၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၃ ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၇၆/၆ အနီးမှာ ဆီဘောက်ဆာယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ ၃ ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၇၆/၆ အနီးမှာ ဆီဘောက်ဆာယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ဒိုက်ဦးနဲ့ ခရိုင်မီးသတ်တပ်ဖွဲ့တွေက မီးသတ်ယာဉ်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆီဘောက်ဆာယာဉ် မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။



****************************************************************
END / 251