အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးလေးရွာအရှေ့ဘက် ၂ မိုင်လောက်မှာ ခိုလှုံနေကြတဲ့ လေးကေ့ကော်စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူးလာပြီး ထိုင်းဘက်ခြမ်း မြစ်ကမ်းဘေးမှာ ထပ်မံနေရာပြောင်းရွှေ့ စစ်ဘေးရှောင်နေကြရပါတယ်။
မြဝတီမြို့မှတဆင့် ဖလူးလေးရွာဘက်မှာ ဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လို့ စစ်ဒုက္ခသည်တွေဟာ မတ်လ ၂၄ ရက် ညနေပိုင်းမှာ ထိုင်းနယ်စပ် ဘက်ကို ကူးပြောင်းလာကြပြီး ထိုင်းနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းစပ်မှာ ယာယီခိုလှုံနေထိုင်နေကြတယ်တယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
ဒုက္ခသည်တွေထွက်ပြေးတိမ်းရှောင်သွားပြီးနောက် ဖလူးလေးရွာအနီးမှာ မတ်လ ၂၅ ရက် ညနေပိုင်းက နှစ်ဘက်စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မတ်လ ၂၆ ရက် ဒီမနက် အစောပိုင်း ၁ နာရီလောက်မှာလည်း မြဝတီမြို့တောင်ဘက်ရှိ အို့ကရစ်ခီးရွာနဲ့ တဝေါ်သောရွာတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။
လေးကေ့ကော်မြို့သစ်မှာ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်တွေ ထိုးစစ်ကျူးကျော်လာရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့လို့ လေးကေ့ကော်ရွာသားတွေ ဖလူးလေးရွာအရှေ့ဘက်ရှိ စစ်ရှောင်ယာယီစခန်းမှာ ခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။
***************************************************************
END / 251
၂၆ မတ် ၂၀၂၂ - ၁၉:၂၅
News ID: 1242539