၁၄ မေ ၂၀၂၂ - ၁၆:၅၁
 ရုရှားကို ယူကရိန်းနိုင်ပြီ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အရေးပါတဲ့ ခါကစ်ဗ်မြို့တိုက်ပွဲမှာ ယူကရိန်းဘက်က အနိုင်ရတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ IOW က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက အရေးပါတဲ့ ခါကစ်ဗ်မြို့တိုက်ပွဲမှာ ယူကရိန်းဘက်က အနိုင်ရတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ IOW က ပြောပါတယ်။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အားကောင်းလာတာ၊ စစ်ကူ အချိန်မီ မပို့နိုင်တာတွေကြောင့် ရုရှးတပ်ဖွဲ့တွေဟာ သူတို့သိမ်းထားတဲ့နေရာတွေကနေ ရုရှားနိုင်ငံဖက်ကို ပြန်လည် ဆုတ်ခွာနေရတာ ဖြစ်ပါတယ်။

ခါကစ်ဗ်မြို့ မြောက်ဖက်နဲ့ အရှေ့မြောက်ဖက်က ကျေးရွာတွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီး၊ ရုရှားတပ်ဖွဲ့တွေကို နယ်စပ်အထိ မောင်းထုတ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ခါကစ်ဗ်ဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး ဖေဖော်ဝါရီကစတင်ရဲ့ ရုရှားရဲ့ကျူးကျော်မှုမှာ အဓိကပစ်မှတ်လည်း ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ အခုအောင်ပွဲဟာ ရုရှားကျူးကျော်စစ်မှာ ချိန်ခွင်လျှာအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
လာမယ့်ဇွန်လ ဒုတိယပတ်မှာ ရုရှားနိုင်ငံထဲထိ ၀င်ရောက်ထိုးစစ်ဆင်ဖို့ ယူကရိန်းက စီစဉ်ထားပါတယ်။

****************************************************************
END / 251