အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIB သတင်းအေဂျင်စီ ၏ အဆိုအရ အီရန်ကိုယ်စားပြု နပန်းသမားများ၏ ရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၆၁ ကီလိုဂရမ်အတန်း တွင် အဟူရာ ခါတေရီသည် ပထမအဆင့်၌ အမေရိကန်နိုင်ငံမှ ဆီဒဲလ်ကို ၁၅-၄ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၎င်း၏ပြိုင်ဘက် ဆီဒဲလ်က ဖိုင်နယ်အဆင့်သို့ တက်ရောက်သွားသဖြင့် ခါတေရီသည် ပြန်လည်ယှဉ်ပြိုင်ခွင့်အဆင့်သို့ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။
ထိုအဆင့်တွင် ခါသွေရီသည် အိမ်ရှင် စလိုဗက်ကီးယားနိုင်ငံမှ မာရီယန် ကာ့တ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရပါက နောက်တစ်ဆင့်တွင် အဇာဘိုင်ဂျန်နိုင်ငံမှ အဘ္ဘာဆော့ဗ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါနှစ်ပွဲ စလုံးကို အနိုင်ရရှိပါက ကြေးတံဆိပ်ရရှိရန်အတွက် မက္ကဆီကိုနိုင်ငံမှ မန်ဒိုဇာ ဂါ့ဇ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။
၈၆ ကီလိုဂရမ်အတန်း တွင် အဘိုလ်ဖဇ်လ် ရှမ်စီပူးသည် ပထမအဆင့်၌ အက်စတိုးနီးယားနိုင်ငံမှ တာရာဆော့ဗ်ကို ၁၂-၀ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံမှ နစ်ခ် ရှဲရားကိုလည်း ၁၀-၀ ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ပါတယ်။
ကွာတားဖိုင်နယ်တွင် ရှမ်စီပူးသည် အော်ဒန် ဂျိမ်းစ်နှင့် ယှဉ်ပြိုင်ရာ ၄-၄ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ သို့သော် ၎င်း၏ပြိုင်ဘက် အော်ဒန် ဂျိမ်းစ်က ဖိုင်နယ်သို့ တက်ရောက်သွားသောကြောင့် ရှမ်စီပူးသည်လည်း ပြန်လည်ယှဉ်ပြိုင်ခွင့် (Repechage) အဆင့်သို့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ထိုအဆင့်တွင် ရှမ်စီပူးသည် ကာဇက်စတန်နိုင်ငံမှ ခါဂျာယက်ဗ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိပါက တတိယ နေရာအတွက် ဂျပန်နိုင်ငံမှ အိုကာဇာဝါနှင့် ကြေးတံဆိပ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment