၃၀ မေ ၂၀၂၂ - ၁၉:၂၈
ဖယ်ခုံမြို့ပေါ်တွင် WFP ကလှူဒါန်းသည့် ဆန်အိတ်များ ပြင်ပဈေးကွက်အတွင်း ပြန်ရောင်းချနေ

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာပြည်သူတွေအတွက် ပေးအပ် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေ ဈေးကွက်အတွင်းပြန်ရောင်းချမှုတွေရှိနေတယ်လို့ ကရင်နီဒေသခံ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ထံက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာပြည်သူတွေအတွက် ပေးအပ် လှူဒါန်းခဲ့တဲ့ ဆန်အိတ်တွေ ဈေးကွက်အတွင်းပြန်ရောင်းချမှုတွေရှိနေတယ်လို့ ကရင်နီဒေသခံ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ထံက သိရပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြည်တွင်းစစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့ပေါ်က ကုန်စုံဆိုင်တဆိုင်မှာ  ဆန်တွေသွားဝယ်ရာမှာ WFP တံဆိပ်နဲ့ ဆန်အိတ်တွေကိုတွေခဲ့လို့ ဝယ်ယူပြီး လိုအပ်တဲ့စစ်ဘေးရှောင်တွေထံ ပြန်လှူခဲ့တယ်လို့ ကွန်ရက်အဖွဲ့ဝင်တဦးက ပြောပါတယ်။

WFP တံဆိပ်ပါ UN ဆန်အိတ် တအိတ်ကို ကျပ်ငွေ ၃၅,၀၀၀ နှုန်းနဲ့   ဆန်အိတ်ပေါင်း  ၉ အိတ် စုစုပေါင်း ကျသင့်ငွေ ကျပ် ၃၁၅,၀၀၀ ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
****************************************************************
END / 251