အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ တီဟီရန် ဂျျွန်မအ်နမာဇ်ရှေ့ဆောင် ဆရာ H.I ဟာဂျ်အလီအက်္ကဗဲရ်ရီ အရ်ဗအီးန်ခြေလျင်ဇေယာရသ် ခရီးတွင်ပါဝင်ရန် အပြည်ပြည်ဆိုင်ရာ အေမာမ်ခိုမေနီ လေဆိပ် တွင် စက်တင်ဘာလ ၁၄ ရက်နေ့ ရောက်ရှိခဲ့ပြီး နဂျဖ်လေယာဉ်ကို စောင့်နေကြောင်း သိရှိရပါတယ်။
အေမာမ်ဟိုစိုင်းန် (အ.စ) ဟဇရသ် အဗါ အဗ်ဒိုလ္လာဟ် အလ်ဟိုစိုင်းန် (အ.စ) ၏ အရ်ဗအီးန် နေ့ သည် အီရန် နိုင်ငံ နှင့်အီရတ်နိုင်ငံ ကရ်ဗလာမြို့တွင် စက်တင်ဘာလ ၁၇ရက်နေ့ စနေနေ့ ပြုလုပ်ကြမည် ဖြစ်ပါတယ်။ ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) ၏ အနွယ်တော်မွန် မြတ် အဲဟ်လေ့ဘိုက(သ) (အ.စ) အားအချစ်ထားသူများ သည် အရ်ဗအီးန် မတိုင်မီ ရက်အနည်းငယ်အလို တွင် ခြေလျင်လျှောက်ပြီး ကရ်ဗလာရှိ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ကဗရ်တော်၏ ဇေယာရသ်ကိုလာကြပြီး အဲဟ်လေ့ဘိုက် (သ) (အ.စ)အပေါ် အချစ်မေတ္တာ ထားကြကြောင်း သက်သေပြကြပါတယ်။
****************************************************************
END / 251
****************************************************************
END / 251