၅ အောက်တိုဘာ ၂၀၂၂ - ၁၀:၅၀
အီရန်တွင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင် ၏ နောက်ဆုံးအခြေအနေ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အနောက် အဇာဘိုင်ဂျန် ပြည်နယ် ၏ မြောက်ပိုင်း တွင် ပြင်အား ၅.၄ အဆင့် ရှိ ငလျင် လှုပ်ခတ်မှုကြောင့် ၅၂၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စဟဲရ်တီဗီ ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အနောက် အဇာဘိုင်ဂျန် ပြည်နယ် ၏ မြောက်ပိုင်း ခူယေ မြို့ နှင့် အနီး တဝိုက် ကျေးလက်ဒေသ ၇ခု တွင် ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၃နာရီ နှင့် ၅၁မိနစ် အချိန် တွင် ရစ်ချ်တာ စကေး ၅.၄ ပြင်းအားရှိ မြေငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး ၂၇ ချက်လှုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ ငလျင်လှုပ် ခတ်မှုကြောင့် ၅၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ငလျင် ၏ အနက် မှာ မြေပြင် ၏ ဆယ်ကီလိုမီတာ ရှိကြောင်း သိရှိရပါတယ်။
အရေးပေါ် ဌာန ၏ ပြောရေးဆိုခွင့် ရှိသူ မွတ်ဂျ်သဗါ ခါလစ်ဒ်ဒီ မှ ငလျင် လှုပ်မှာကို စိုးရိမ်သည့် အတွက် လူအများစု ဟာ နေအိမ်များကနေ ထွက်ပြေး ခဲ့ရပြီး အနည်းငယ် ထိခိုက်ဒဏ်ရာ ရမှု ရှိခဲ့ကြောင်း  ဒဏ်ရာ ရရှိသူ အယောက် ၁၃၀အား ဆေးရုံတင် ထားကြောင်း  ပြောကြားခဲ့ပါတယ်။
သတင်းအစီရင်ခံစာ အရ ငလျင် ဒဏ်ကြောင့် အိမ်ခြေ ၅၀၀ ခန့် ပျက်စီးခဲ့ပြီး အိမ်ခြေ ၂၅၀ မှာ လုံးဝပျက်စီးသွားပြီး ကျန် ၂၅၀ မှာ ၁၀ရာခိုင်နှုန်း ၂၀ရာခိုင်နှုန်း အထိပျက်စီး သွားကြောင်း သိရှိရပါ တယ်။
ငလျင်သတင်း ကြားပြီးချင်း ကယ်ဆယ်ရေး အဖွဲ့များ ဟာ အခင်း ဖြစ်ပွားသည့် နေရာသို့ ရောက်ရှိ လာကြပြီး ကယ်ဆယ်ရေး လုပ်ငန်း များကို စတင်ခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************
END / 251