၁၂ အောက်တိုဘာ ၂၀၂၂ - ၁၂:၂၃
 အီရန်တွင် အစ္စရေး သူလျှို  ထောက်လှမ်းရေး မော့ဆက်  အဖွဲ့ ဝင် တစ်ဦး အဖမ်းခံရ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အရှေ့တောင်ပိုင်း ရှိ ကေရ်မန် ပြည်နယ် တွင် အစ္စရေး သူလျှို ထောက်လှမ်းရေး မော့ဆက် အဖွဲ့ ဝင် တစ်ဦး အဖမ်းခံရ ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇာဟ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အရှေ့တောင်ပိုင်း ရှိ ကေရ်မန် ပြည်နယ်  ဆိုင်ရာ တရား စီရင်ရေးဌာန ၏ အကြီး အကဲ ဖြစ်သူ အီဗရာဟီးမ် ဟမီးဒီ မှ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) သည် တရား မဝင် ဇီယွန် အစိုးရ (အစ္စရေး အစိုးရ) ၏ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် လျှိုဝှက် ထောက်လှမ်း ရေး အဖွဲ့ မော့ဆက်၏ အဖွဲ့ ဝင်တစ်ဦး အား သူလျှို လုပ်နေသည်ကို ဖမ်းမိ ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအထောက်အထား အရ အစ္စရေး အတွက် သူလျှို လုပ်နေသူသည် အီရန် နိုင်ငံ တွင် အဓိကရုဏ်း ဖြစ်ပွားလာရေး နှင့် တရားဥပေးစိုးမိုးရေး ကို နှောင့်ယှက်အောင် စီစဉ် နေသူဖြစ်ကြောင်း သိရှိရပါတယ်။

ကေရ်မန် ပြည်နယ်  ဆိုင်ရာ တရား စီရင်ရေးဌာန ၏ အကြီး အကဲ ဖြစ်သူ အီဗရာဟီးမ် ဟမီးဒီ မှ ဖမ်းဆီးထားသည့် မော့ဆက် သူလျှို သည်မိမိ၏ မကောင်းသည့် အကြံအစည်များ ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် အီရန် လျှိုဝှက် ထောက်လှမ်းရေး အေင်ဂျင်စီ (သစ္စာဖောက်အေဂျင်စီ)  နှင့် ဆက်ဆံရေး ကျယ်ပြန့်အောင် ကြိုးပမ်းနေသူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရရှိထားသည့် သတင်းအချက်အလက်များ အရ သံသယရှိသူ အစ္စရေး သူလျှိုသည် စီးပွားရေး သမား တစ်ဦး အဖြစ် အသွင်ဆောင် ထားပြီး အီမ်နီးချင်းနိုင်ငံ အများအပြား သို့ သွားရောက်ခဲ့ပြီး အစ္စရေး လျှိုဝှက် ထောက်လှမ်းရေး အေဂျင်စီ နှင့် အင်တာနက် မှတဆင့် ဆယ်သွယ် သတင်းပို့သူ ဖြစ်ကြောင်း သိရှိရပါတယ်။ အစီရင်ခံ စာအရ အစ္စရေး သူလျှို အီရန် နိုင်ငံအပြင်သို့ ထွက်ပြီး ဇီယွန် အစိုးရ (အစ္စရေးအစိုးရ)  လျှိုဝှက် ထောက်လှမ်းရေး ၏ အဖွဲ့ဝင်များ နှင့်တွေ့ဆုံရန် စီစဉ်ထားသူဖြစ်ပြီး အီရန် နိုင်ငံ မှ မထွက်ခွာခင် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) ၏ တပ်သား အမည်မသိ  အေမာမ် ဇမာန်း (အ.ဂျ)  တပ်သား မှ ဖမ်းဆီး လိုက်ကြောင်း သိရှိရပါတယ်။

****************************************************************
END / 251