၁၂ အောက်တိုဘာ ၂၀၂၆ - ၂၂:၃၈
ဂျီဘူတီ မှ ယီမင်သို့ သွားရာလမ်းကြောင်းတွင် လှေကြီးတိမ်းမှောက်မှုကြောင့် ရွှေ့ပြောင်းဝင်ရောက်သူ အနည်းဆုံး ၁၃၉ ဦး သေဆုံး

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM) ၏ ထုတ်ပြန်ချက်အရ ဂျီဘူတီကမ်းရိုးတန်းအနီး လူ ၃၀၅ ဦး တင်ဆောင်လာသည့် လှေကြီးတစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေး ၁၅ ဦးအပါအဝင် အနည်းဆုံး ၁၃၉ ဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေကြောင်းသိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Reuters သတင်းဌာန၏ ဖော်ပြချက်အရ အောက်တိုဘာ ၈ ရက် ညပိုင်းတွင် လူ ၃၀၅ ဦး တင်ဆောင်လာသော လှေကြီးသည် ဂျီဘူတီနိုင်ငံ၊ အိုဘော့ခ်မြို့၏ မြောက်ဘက် ဂူဟဲရေဒေသအနီးတွင် တိမ်းမှောက်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့၏ အဆိုအရ လူ ၈၂ ဦးခန့်ကို ကယ်တင်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒေသခံအာဏာပိုင်များကလည်း အသက်ရှင်ကျန်ရစ်သူများကို ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးအပ်နေပါတယ်။

သေဆုံးသူများနှင့် ခရီးသည်များအနက် အများစုမှာ အီသီယိုးပီးယားနိုင်ငံသားများဖြစ်ပြီး ပိုမိုချမ်းသာသော ပင်လယ်ကွေ့ဒေသနိုင်ငံများသို့ ရောက်ရှိရန် မျှော်လင့်ကာ ဂျီဘူတီမှတစ်ဆင့် ယီမင်သို့ အန္တရာယ်များသော ပင်လယ်ခရီးကို ဖြတ်သန်းခဲ့ကြပါတယ်။

မိုးခေါင်ရေရှားမှု၊ ခက်ခဲသော စီးပွားရေးအခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် အတင်းအကျပ် စစ်သားစုဆောင်းမှုတို့သည် ၎င်းတို့ နေရပ်စွန့်ခွာရသည့် အဓိကအကြောင်းရင်းများဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့ဘက်ရွှေ့ပြောင်းရေးလမ်းကြောင်းတွင် ရွှေ့ပြောင်းဝင်ရောက်သူ ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။ ယခုဖြစ်ရပ်သည် ဒေသတွင်း ရွှေ့ပြောင်းသူများ ရင်ဆိုင်နေရသည့် အန္တရာယ်ကြီးမားသော ခရီးစဉ်များ၏ ဆိုးရွားသည့် အကျိုးဆက်များကို ထပ်မံဖော်ပြနေပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha