အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန ၏အဆိုအရ၊ ဤသင်တန်းသည် သန့်ရှင်းသည့် ကုရ်အာန်အသိပညာညီလာခံ နှင့်ဆက်စပ်နေသော Najaf Quran Institute ၏ ကြီးကြပ်မှုအောက်တွင်ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်တွင် ရွတ်ဆိုခြင်းနှင့်မှန်ကန်သောရွတ်ဆိုခြင်းသင်တန်းများပါဝင်မည်ဖြစ်သည်။ ဒုတိယ အဆင့်တွင် အူလူးမ်မေကုရ်အာန် (ခ) ကုရ်အာန်ဆိုင်ရာ ပညာရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။
Najaf Ashraf ရှိ Holy Quran Institute မှ ဤသင်တန်း တွင် ပါဝင်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ကြေညာထားပြီး အဆိုပါ သင်တန်းသည် Hoza Ulmiya Najaf Ashraf ရှိ ဘာသာရေး ကျောင်းသားများအတွက်ဖြစ်ကြောင်း ဤသင်တန်းတွင် ပါဝင်ရန် လိုအပ်သော ဖောင်ကို ဖြည့်စွက်ရန် လျှောက်ထားသူ အားလုံး သည် ဖော်ပြထားသည့် အီးမေးလ် သို့မဟုတ် messenger မှတဆင့် အဖွဲ့အစည်းကို ပို့ရန် သိရှိရပါတယ်။
ထို့အပြင်ဤသင်တန်း၏ သင်ခန်းစာအရေအတွက်မှာ ၂၀ ရှိပြီး Hoza Ilmiya Najaf ၏ သင်ရိုးညွှန်းတမ်းနှင့် အညီ သင်ကြားမှာ ဖြစ်ပြီး အဆိုပါသင်တန်းများတွင် လက်တွေ့ပြုလုပ်ခြင်းနည်း ဖြင့် စာမေးပွဲ ဖြေဆိုရမည် ဖြစ်ကြောင်း သိရှိရပါတယ်။
အလ်-ကုရ်အာန်အင်စတီကျု့မှ ဤသင်တန်းတွင် ထိပ်တန်းအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့် မည်ဖြစ်ပြီး အဆိုပါကျောင်းသားများအတွက် ငွေကြေးဆုများအပြင်၊ လက်ခံထားသော ကျောင်းသားအားလုံးကို သင်တန်းပြီးဆုံးကြောင်း သင်တန်းဆင်း လက်မှတ်ချီးမြှင့် မည်ဖြစ်ကြောင်း လည်း သိရှိရပါတယ်။
ဟဇရသ် အဘာစ် (အ.စ) နှင့် ဆက်နွယ်နေသည့် ကုရ်အာန် လက်တွေ့ သင် အဖွဲ့၏ ၏ ဤသင်တန်းသည် သတ္တမနှစ်ဖြစ်ပြီး ဘာသာရေးဆိုင်ရာလေ့လာသူများအတွက် အထူး ကုရ်အာန်သင်တန်း ကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ဤသင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဘာသာရေးလေ့လာမှုကျောင်းသားများကြားတွင် ကျမ်းတော်မြတ်ကုရ်အာန်၏ အနေအထားကို မြှင့်တင်ရန်နှင့် Najaf Ashraf တွင် အူလူးမ်မေကုရ်အာန် (ခ) ကုရ်အာန်ဆိုင်ရာ ပညာရပ်များ ပြန်လည်အသက်သွင်းရန် ဖြစ်ကြောင်းသိရှိပါတယ်။

****************************************************************
END / 251
END / 251