၇ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၈
အီရန်ရေနံဝန်ကြီးဟောင်းက မိမိ ၏ နုတ်ထွက်မှု နှင့် ပတ်သက်သည့် ထရမ့် ၏ ပြောဆိုချက်များကို ငြင်းဆိုလိုက်

အီရန်ရေနံဝန်ကြီးဟောင်း မိုဟ်စင် ပါက်နေဂျဒ် က X (တွစ်တာ) တွင် ရေးသားသည့် ပို့စ်တစ်ခု၌မိမိ ၏နုတ်ထွက်မှုသည် ထရမ့်၏ ပြောဆိုချက်များနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


IRNA သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်ရေနံဝန်ကြီးဟောင်း မိုဟ်စင် ပါက်နေဂျဒ် က X တွင် ရေးသားသည့် ၎င်မိမိ ၏သတင်းစကား၌ "ကျွန်တော့်ရဲ့ နုတ်ထွက်မှုဟာ မနေ့ညက ထရမ့် ပြောဆိုခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ ဘာမှသက်ဆိုင်မှုမရှိပါဘူး" ဟု ရေးသားထားပါတယ်။

သူ၏ပို့စ်တွင်  မိုဟ်စင် ပါက်နေဂျဒ် ဆိုတာ မိမိ ဟာ နိုင်ငံတော်ရဲ့ စစ်သည်တစ်ဦးဖြစ်ပြီး၊ နိုင်ငံတော်အတွက် အသက်ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ အီရန်ပြည်သူ သိန်းသန်းပေါင်းများစွာထဲက တစ်ယောက်သာ ဖြစ်ပါတယ် ဟု ရေးသားထားပါတယ်။

ထို့ပြင်  မိုဟ်စင် ပါက်နေဂျဒ် က  ရေနံဝန်ကြီးဌာနကို တာဝန်ယူပြီး လအနည်းငယ်အကြာမှာပဲ အီရန်ပြည်သူတွေရဲ့ အကြီးမားဆုံးရန်သူက ကျွန်တော့်ကို ပိတ်ဆို့အရေးယူခဲ့ပေမဲ့၊ အလ္လာဟ် အရှင်မြတ် သခင်၏ ကျေးဇူးတော်ကြောင့် အီရန်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုဟာ နိုင်ငံ နှင့် ရေနံလုပ်ငန်းက ဝန်ထမ်းများ ၏ ကြိုးပမ်းအားထုတ်မှု နှင့် အတူ ပိတ်ဆို့မှုများ ၊ ဝိုင်းရံမှုများ ကြားကပဲ ဆက်လက်လည်ပတ်နေခဲ့တာပါ ဟု ရေးသားထားပါတယ်။

"သူတို့ (ထရမ့်) ဟာ အထိနာနေလို့သာ ဒီလို မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေကို အားကိုးနေရတာပါ" ဟု အီရန်ရေနံဝန်ကြီးဟောင်းက မိမိ ၏ပို့စ်တွင် ထပ်လောင်း ရေးသားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha