ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယသွလ္လာဟ် ဆရက်ဒ် အလီ ခါမေနာအီ မှ ကြိုးစား အားထုတ်သည့်အာလင်မ် ၊ သီလ၊သမာဓိလည်း ရှိ ပြီး မဂျ်လစ်စေ ခိုဗ်ရ်ဂန်နေ ရဲဟ်ဗရီ တွင် တီဟီရန် လူထု ဘက်မှ ကိုယ်စားလှယ်တော် လည်း ဖြစ် သည့် မရ်ဟွန်မ် အာယာသွလ္လာဟ် အဘာစ် အလီ အက္ခ်သရီ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ အား ထုတ်ပြန် ခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယသွလ္လာဟ် ဆရက်ဒ် အလီ ခါမေနာအီ ၏ ဝမ်းနည်းသဝဏ်လွှာ စာ သားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကြိုးစား အားထုတ်သည့်အာလင်မ် ၊ ရှဟီးဒ် ၏ဖခင် ဟွဂျသွလ်အစ္စလာမ် ဝလ် မွစ်လေမီးန် အာဂါယေ ရှိက္ခ် အာဘာစ် အလီ အက္ခ်သရီ ရဟ်မသွလ္လာဟ်အလိုင်းဟေ ၏ ရိုသေလေးစားရသည့် မိသားစု ဝင်များ ၊ လေးစာကြည်ညိုကြသူများ ၊ ပညာ စသည်ဖြင့် အကျိုးတော်များရယူခဲ့ကြသည့် သူများ အား ဝမ်းနည်း ကြေကွဲရကြောင်း တင်ပြအပ်ပါသည်။
ဤသီလသမာဓိ ရှင် အာလင်မ် သည်နယ်ပယ်ပေါင်းစုံ တွင် ဖေကဟ်ပညာရပ်မှ စ၍ နိုင်ငံရေး နယ်ပယ် တွင် အစ္စလာမ် အသိတရားများ ထွန်းကား လာအောင် ကြိုးကြိုးစားစားကြိုးပမ်းသူ ၊မိမိခွန်အား ရှိသမျှ ကြိုးစားသူ ဟုလူသိများခဲ့ပါသည်။
အလ္လာဟ်ဟို အရှင်မြတ် ထံတော်တွင် ဤသီလသမာဓိ ရှင် အာလင်မ် ၊ ပညာရေးဆိုင်ရာ တီထွင်ရှင် ၏ အဆင့်မြင့်မားရန် တောင်းဆု ဒုအာ ပြုအပ်ပါသည်။
ဆရက်ဒ်အလီခါမေနာအီ
နိုဝင်ဘာလ ၁ရက် ၊ ၂၀၂၂ခုနှစ်
မှတ်သားစရာအချက်မှာ မရ်ဟွန်မ် အာယာသွလ္လာဟ် အဘာစ် အလီ အက္ခ်သရီ သည် မဂျ်လစ်စေ ခိုဗ်ရ်ဂန်နေ ရဲဟ်ဗရီ တွင် တီဟီရန် လူထု ဘက်မှ ကိုယ်စားလှယ်တော် လည်းဖြစ် ၊ ဆင်မနန် သောကြာ နမာဇ် ရှေ့ ဆောင် ဆရာ (ဟောင်း)ဖြစ်ပါသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ညခင်းအချိန်တွင် အလ္လာဟ် ဟိုအရှင် မြတ် အမိန့် ကိုယူ ခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် အဘာစ် အလီ အက္ခ်သရီ သည် ရှဟီးဒ် နူးရ်ရိုလ္လာဟ် ဖခင်ဖြစ် ပြီး သားအား အစ္စလာမ် သာသနာ့ နှင့် တော်လှန်ရေး အတွက် စတေးခဲ့သူ ဖြစ်ပါတယ်။မရ်ဟွန်မ် သည် ကင်ဆာ ရောဂါ ကြောင့် လွန် ခဲ့သည့် ရက်အနည်းငယ် က ဆေးရုံတက် ခဲ့ရပါတယ်။
****************************************************************
END / 251