၆ နိုဝင်ဘာ ၂၀၂၂ - ၂၁:၀၁
 ဆောမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

မကွေးတိုင်း ဆောမြို့နယ်မှာ် နိုဝင်ဘာ ၂ ရက်က ဆောမြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM လုပ်ခဲ့တယ်လို့ ကျောက်ထု-PDF (YRPA) က သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကွေးတိုင်း ဆောမြို့နယ်မှာ် နိုဝင်ဘာ ၂ ရက်က ဆောမြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM လုပ်ခဲ့တယ်လို့ ကျောက်ထု-PDF (YRPA) က သိရပါတယ်။

အဲဒီရဲတပ်သားဟာ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာ ကြောင့် နိုဝင်ဘာ ၂ ရက်မှာ ကျောက်ထု-PDF ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM လုပ်ခဲ့တယ်လို့ ကျောက်ထု-PDFရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။

ရဲတပ်သားဟာ G3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆန် ၅၃ တောင့်နဲ့အတူ CDM ပြုလုပ်တဲ့အတွက် ကျောက်ထု-PDF ဂုဏ်ပြုဆုငွေ သိန်း ၄၀ ကျပ် ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် သောင်းနဲ့ချီရှိနေပြီလို့ သိရပါတယ်။



****************************************************************
END / 251