အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လူကြီးမင်းသိပါသလား? ပေါ့ပေါ့ပါးပါး နောက်ပြောင်စကားတစ်ခွန်း၊ သာမန်စကားလေးတစ်ခွန်းကပင် လူကြီးမင်း ကို နှစ်ပေါင်းတစ်ထောင်ကြာ အကျဉ်းချခံရစေနိုင်ပါတယ်။ ဒါဟာ သာမန်အကျဉ်းထောင် မဟုတ်ပါဘူး။ ဂျဟန္နမ် (ငရဲဘုံ) ရဲ့ အကျဉ်းချခြင်း ဖြစ်ပါတယ်။
အလ္လာဟ်၏ ရစူလ်တမန်တော် မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ - မည်သူမဆို မိမိနှင့် မဲဟ်ရမ်တော်စပ်မှုမရှိသော အမျိုးသမီးတစ်ဦး နှင့် ရယ်မောနောက်ပြောင် ပြောဆိုပါက၊ ဤလောကတွင် သူမအား ပြောဆိုခဲ့သော စကားလုံးတစ်လုံးစီအတွက် အလ္လာဟ်အရှင်မြတ်သည် ထိုသူကို ဂျဟန္နမ် (ငရဲဘုံ) ၌ နှစ်ပေါင်းတစ်ထောင်ကြာ အကျဉ်းချတော်မူမည် ဖြစ်ပါသည်။
ထို့ကြောင့် အစ္စလာမ်သာသနာသည် လျှာ၊ အကြည့်အမြင်နှင့် နှလုံးသားတို့ကို စောင့်ရှောက်ရန် အမိန့်ပေးထားပါသည်။ ဒါကြောင့် ယနေ့ကစပြီး မိမိ၏လျှာကို ထိန်းချုပ်ကြပါ။ အကြောင်းမှာ ပြောဆိုသမျှ စကားလုံးတိုင်းအတွက် စာရင်းရှင်းရမည် ဖြစ်သောကြောင့်ဖြစ်ပါတယ်။
မူရင်းဟဒီးစ်တော် -
وَ فِي عِقَابِ اَلْأَعْمَالِ بِسَنَدٍ تَقَدَّمَ فِي عِيَادَةِ اَلْمَرِيضِ عَنْ رَسُولِ اَللَّهِ صَلَّی اَللَّهُ عَلَيْهِ وَ آلِهِ قَالَ: وَ مَنْ صَافَحَ اِمْرَأَةً حَرَاماً جَاءَ يَوْمَ اَلْقِيَامَةِ مَغْلُولاً ثُمَّ يُؤْمَرُ بِهِ إِلَی اَلنَّارِ وَ مَنْ فَاكَهَ اِمْرَأَةً لاَ يَمْلِكُهَا (حَبَسَهُ اَللَّهُ) بِكُلِّ كَلِمَةٍ كَلَّمَهَا فِي اَلدُّنْيَا أَلْفَ عَامٍ.
ကျမ်းကိုး - وسائل الشیعه ، ج14،ص143
မူရင်းတင်ပြသူ - H.I စာဂျစ်ဒ်အလီ နဂျဖီ
မြန်မာပြန်ဆိုသူ - အဗ်နာ သတင်းဌာန - မြန်မာပိုင်း
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment