၅ ဒီဇင်ဘာ ၂၀၂၂ - ၁၇:၁၁
 အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ဖိအားပေးခြိမ်းခြောက်မှုများအောက် တွင် အမေရိကန် နှင့် ဥရောပသုံးနိုင်ငံတို့နှင့်  ညှိနှိုင်း ဆွေး‌နွေး မည် မဟုတ်

နျူကလီးယားသဘောတူစာချုပ် သက်တမ်းတိုးဆွေးနွေးမှုကို ရည်ညွှန်းပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အမေရိကန် နှင့် ဥရောပသုံးနိုင်ငံတို့၏ ဖိအားများနှင့် ခြိမ်းခြောက်မှုများအောက်တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေး ရန် သို့မဟုတ် လိုက်လျောရန် အဆင်သင့်မရှိ ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကနအာနီ သည် ယနေ့ (တနင်္လာနေ့) နံနက်ပိုင်းတွင် ၎င်း၏ အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့ပါ တယ်။

နျူကလီးယားသဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းမှုများကိစ္စ များ နှင့်ပတ်သက်၍ အမေရိကန်တို့၏ အပြုအမူနှစ်မျိုး နှင့် စပ် နွယ် သည့် မေးခွန်းကို အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကနအာနီမှ ဖြေကြားခဲ့ပါတယ်။  အမေရိကန် အနေဖြင့် မိမိ၏ လုပ်ရပ် နှင့်ပတ်သက်ပြီး  တာဝန်ယူရမည် ဖြစ်ကြောင်း  ဖိအားများနှင့် ခြိမ်းခြောက်မှုများအောက်တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် စေ့စပ်ညှိနှိုင်းရန် ဆန္ဒမရှိကြောင်း၊ လိုက်လျောရန် ဆန္ဒမရှိကြောင်း ကို အမေရိကန်အရာရှိများက သိကြကြောင်း ပြောကြားခဲ့ပါတယ်။

နာစေရ် ကနအာနီမှ  ဆက်လက်ပြီး စေ့စပ်ညှိနှိုင်းမှုများနှင့် သဘောတူညီချက်များသည် ကိုယ်ပိုင် လောဂျစ် ရှိကြောင်း  JCPOA ၏ စေ့စပ်  ညှိနှိုင်း ဆွေးနွေး မှု နှင့်ပတ်သက်၍ အီရန် နိုင်ငံ ၏ ရပ်တည်ချက်မှာ အလွန်ရှင်းလင်း ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး နျူကလီးယား သဘောတူညီချက်ကို အီရန်က လိုက်နာပြီး ကတိကဝတ်တွေကို ချိုးဖောက်တဲ့ နိုင်ငံကတော့ အမေရိကန်ဖြစ်တယ်လို့ သူက ထပ်လောင်းပြောပါတယ်။ အလားတူပင် ဥရောပနိုင်ငံများကလည်း ၎င်းတို့၏ ကတိကဝတ်များကို ကျေပွန်အောင် မစွမ်းဆောင်နိုင်ဘဲ သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ရေးကို မဖြေရှင်းနိုင်ကြကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မှဆက်လက်ပြီး အီရန်နျူကလီးယား သဘောတူညီချက်ကို နိဂုံးချုပ်လိုကြောင်း အလေးအနက် ပြောကြားခဲ့သော်လည်း နျူကလီးယား သဘောတူညီချက်သည် အီရန်၏ တစ်ဖက်သတ် လိုအပ်ချက် မဟုတ်သော်လည်း အီရန်သည် ပျော့ညံ့သည့် အနေအထားမှ ညှိနှိုင်းဆွေး‌နွေး သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကနှင့် ဥရောပတို့သည် နျူကလီယား သဘောတူညီချက် ကိစ္စ တွင် အီရန်၏ လိုအပ်ချက်ထက် မနည်းသည့် အတွက် ကြောင့် အီရန်အပေါ် မည်သည့်မူကြမ်းကိုမျှ မချမှတ်သင့်ကြောင်း အထူးသဖြင့် ဥရောပ နိုင်ငံများ အနေဖြင့်  အမေရိကန် ကို သဘောအတိုင်း မပြု ကြဖို့ အကြံပြု ကြောင်း နာစေရ် ကနအာနီမှ   ဆက်လက် ပြောကြားခဲ့ပါတယ်။

နိုင်ငံ၏ပြည်တွင်းရေးအခြေအနေကို အကြောင်းပြ၍ အီရန်အပေါ် အနောက်နိုင်ငံအချို့၏ တရားမ၀င် ၀င်ရောက်စွက်ဖက်သော လုပ်ရပ်များကိုလည်း ပတ်သက်ပြီး လည်း နာစေရ် ကနအာနီမှ ပြောကြားခဲ့ပါတယ်။

အီရန် သည် မိမိ ၏ ရပ်တည်ချက်ကို မီဒီယာများ၊ စေ့စပ်ညှိနှိုင်းမှုများနှင့် အစည်းအဝေးများမှတစ်ဆင့် တရားဝင် ပွင့်လင်းမြင်သာစွာ ကြေညာခဲ့ကြောင်း ကျွန်ုပ်တို့နိုင်ငံအား နိုင်ငံရေးအရ ဖိအားပေးရန် အီရန်ပြည်တွင်းရေးအခြေအနေကို အလွဲသုံးစားလုပ်ခြင်းသည် ရှုတ်ချပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ နာစေရ် ကနအာနီမှ အလေးပေး ပြောကြားခဲံပါတယ်။

၎င်းမှဆက်လက်ပြီး သမိုင်းတစ်လျှောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအချို့နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများသည် လွတ်လပ်သောအစိုးရများနှင့် နိုင်ငံများအပေါ်တွင် မရေ မတွက်နိုင်သော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြ ပြီး ယခုအခါ ၎င်းအား လူ့အခွင့်အရေးကို လက်နက်တစ်ခု အဖြစ် အသုံးပြုနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ပါရှန်ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်ရာတွင် အီရန်၏ရပ်တည်ချက်နှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် အီရန်နှင့် ဆော်ဒီအာရေးဗီးယားကြား ဆက်ဆံရေးတိုးတက်မှုသည် နှစ်ဖက်စလုံးနှင့် ဒေသတွင်း အကျိုးစီးပွားအတွက်ဖြစ်သည်ဟု အီရန် က နားလညကြောင်း  ပြောကြား ခဲ့ပါတယ်။

အီရန်နှင့်ဆော်ဒီ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အီရတ်အစိုးရသည် အပြုသဘောဆောင်သော ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းစဉ် ပြီးမြောက်ရန် မည်သည့် လုပ်ဆောင်ချက်ကိုမဆို အီရန်က ကြိုဆိုကြောင်း ၎င်းမှ အလေးအနက် ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251