အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ စစ်သန် နှင့် ဗလူဂျစ်သန် ၏ လုံခြုံရေးကော်မတီ ထုတ်ပြန်ချက်၏ ပဏာမ သတင်း များအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ခါရှ်မြို့ ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) အမည် ရှိ စွန်နီ ဗလီ ၏ ရှေ့ဆောင် ဝတ်ပြုဆရာ ၊ စစ်သန် နှင့် ဗလူဂျစ်သန် ရှိ အကျော်အမော် အို လမာမှ တစ်ဦး ဖြစ်သူ မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး အား အမည်မသိသူများ မှ ကြာသပတေးနေ့ ၊ နေ့လယ် အချိန်တွင် ပြန်ပေးဆွဲသွားပြီး သတ်ဖြတ် ရှဟီးဒ် ပြု ခဲ့ကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ ရပါ တယ်။
ဤထုတ်ပြန်ချက် အစီရင်ခံစာ တွင် လုံခြုံရေးနှင့် ထောက်လှမ်းရေးအဖွဲ့ များ ၏ စိစစ်ထောက် လှမ်းမှုများ ပြီးနောက် အသေးစိတ်အစီရင်ခံချက်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး ၏ ရှဟီးဒ် ဖြစ်မှု နှင့်ပတ်သက်ပြီး အစိုးရ ရှေ့နေ ၏ ထွက်ဆိုချက်
စစ်သန် နှင့် ဗလူဂျစ်သန် ပြည်နယ် ဗဟိုအစိုးရရှေ့နေ ရှမ်းစ်အာဗါဒီ မှ ခါရှ်မြို့ ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) အမည် ရှိ စွန်နီ ဗလီ ၏ ရှေ့ဆောင် ဝတ်ပြုဆရာ ၊ စစ်သန် နှင့် ဗလူဂျစ်သန် ရှိ အကျော်အမော် အို လမာမှ တစ်ဦး ဖြစ်သူ မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး ၏ ရှဟီးဒ် ဖြစ်စဥ် နှင့်ပတ်သက်ပြီး ပြောပြသည်မှာ - မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး သည် မနေ့က ဗလီတွင် ရှိကြောင်း အမည်မသိ လူတစ်ချို့ သည် ဗလီ နောက်ဖေး တံခါးမှဝင်ရောက်လာပြီး နံပါတ်ပြား မပါသည့် Peugeot ကားဖြင့် အမည်မသိနေရာသို့ ခေါ်ဆောင်သွားခဲ့ကြ ကြောင်း ဖြစ်ပါတယ်။
၎င်းမှဆက်လက်ပြီး မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး ပြန်ပေးဆွဲခံရသည့် ကိစ္စ နှင့်ပတ်သက်ပြီး ပြောပြသည်မှာ - မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး ပြန်ပေးဆွဲခံရမှုကို သိရှိပြီးနောက် မြို့တော်အစိုးရရှေ့နေ၏ အမိန့်ဖြင့် အမှုကို စုံစမ်းစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးကို ခန့်အပ်ခဲ့ပြီး တပ်ဖွဲ့ဝင်အားလုံးကို မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး အား ရှာဖွေကာ ပြန်ပေးဆွဲသူများကို ဖော်ထုတ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း ၊ သို့သော် သတင်းများအရ ကံမကောင်းစွာဖြင့် ပြန်ပေး ဆွဲသူများသည် ပြန်ပေးဆွဲပြီးနောက် မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး ကို သတ်ဖြတ် ၊ ရှဟီးဒ် ပြုခဲ့ ကြကြောင်း ဖြစ်ပါတယ်။
ရှမ်းစ်အာဗါဒီ မှဆက်လက်ပြီး ယနေ့ မော်လဝီ အဗ်ဒိုလ်ဝါဟစ်ဒ်ရီးဂီး၏ အလောင်းကို ခါရှ်မြို့ လမ်း တစ်ခုတွင် တွေ့ပြီး ဦးခေါင်းတွင် ကျည် ၃ချက် ဒဏ်ရာ ဖြင့် တွေ့ကြောင်း ပြောကြားခဲ့ပါတယ်။
စစ်သန် နှင့် ဗလူဂျစ်သန် ပြည်နယ် ဗဟိုအစိုးရရှေ့နေ များ ၏ အဆိုအရ အလောင်း တွေ့ရှိခဲ့သည့် နေရာ တွင် အထူးစုံစမ်းစစ်ဆေးရေး သမားများ ရှိနေကြပြီး တရားရုံးတွင် အမှုအား အထူးအမှု ဖြင့် တင်သွင်း ထားကြောင်း ရဲတပ်ဖွဲ့များလည်း တရားခံ များကို ဖော်ထုတ် အရေးနိုင် အောင် ကြိုးပမ်းနေ ကြောင်း ထုတ်ပြန်ထားပါတယ်။
****************************************************************
END / 251