၂၅ ဒီဇင်ဘာ ၂၀၂၂ - ၂၀:၃၂
  ယူကရိန်းနိုင်ငံသားများ အရှုံးမပေး ဦးမညွှတ်ဟု သမ္မတဇလန်းစကီး ကြွေးကြော်

ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာဟာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် အမှောင်ထုထဲကို ကျရောက်ခဲ့ရပေမယ့် အရှုံးမပေး ဦးမညွှတ်ခြင်းအားဖြင့် ခရစ္စမတ်မှာ ကိုယ်ပိုင်အံ့ဖွယ်ရာကိစ္စတွေ ကို လုပ်ဆောင်ပြမယ်လို့ သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာဟာ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် အမှောင်ထုထဲကို ကျရောက်ခဲ့ရပေမယ့် အရှုံးမပေး ဦးမညွှတ်ခြင်းအားဖြင့် ခရစ္စမတ်မှာ ကိုယ်ပိုင်အံ့ဖွယ်ရာကိစ္စတွေ ကို လုပ်ဆောင်ပြမယ်လို့ သမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

ရုရှားဘက်ကစတင်ခဲ့တဲ့ လက်ရှိ ၁၀ လတာ စစ်ပွဲအတွင်း လူသောင်းနဲ့ချီသေဆုံးခဲ့ရသလို လူသန်းပေါင်းများစွာဟာလည်း နေရပ်ကနေစွန့်ခွာ ထွက်ပြေးနေရတယ်လို့ ရုရှားကိုဖီဆန်တဲ့ ဒီဗီဒီယို မိန့်ခွန်းထဲမှာ  ယူကရိန်းသမ္မတက ဆိုပါတယ်။

လွတ်လပ်ရေးအတွက် တန်ဖိုးကြီးစွာ ပေးဆပ်ရလေ့ရှိပြီး  ကျွန်ပြုမှုကနေ လွတ်မြောက်ဖို့ ဆိုရင်တော့ ဒီ့ထက်ပို ပေးဆပ်ရမယ်လို့ ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော် ကျင်းပတဲ့ ယူကရိန်း နိုင်ငံသားတွေအတွက် ဇလန်းစကီးက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

"အမှောင်ထဲမှာတောင် တစ်ယောက်ကိုတစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်ထားရလိမ့်မယ်။ အပူမရှိရင် တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးဖို့ အချိန်အကြာကြီး ပွေ့ဖက်ထားမယ်" လို့လည်း ဇလန်းစကီးက ပြောဆို ခဲ့ပါတယ်။

****************************************************************
END / 251