၅ ဇန်နဝါရီ ၂၀၂၃ - ၁၇:၂၇
သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) နှင့် ပတ်သက်ပြီး အိုလမာယေကေရာမ် ၏ တင်ပြချက်များ

ဟီဂျရီ ၆၄ခုနှစ် ဂျမာဒီယိုစ်စာနီ လ ၁၃ ရက်နေ့ သည် သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) ၏ ဝဖါသ်နေ့ ဖြစ်ပါသဖြင့် သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) နှင့် ပတ်သက်ပြီး အိုလမာယေကေရာမ် ၏ တင်ပြချက်များ ကို တင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဇရသ် ဇိုင်နွဒ်ဒီးန် အာမိုလီ (ခ) ရှဟီးဒ်စနီဟု ကျော်ကြားလူသိများသည့် အာလင်မ်ကြီးအနေဖြင့် ဟဇရသ် အွန်မိုလ်ဗနီးန် (စ.အ) သခင်မကြီး နှင့်ပတ်သက်ပြီး  ဤသို့မိန့်လေ၏။ သခင်မကြီးသည် မအ်ရေဖသ်  နှင့် ဖဇီလသ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ နဗူဝသ် နှင့်ပတ်သက်ပြီး အထူး အချစ် ထားသူ ၊ အလွန် တရာ စိတ်ထားဖြူစင်သန့်ရှင်းသူ ၊ တွယ်တာသူ ဖြစ်ပါတယ်။ မိမိကိုယ်ကို ကိုယ်တော်မြတ် (ဆွ) ၏ အနွယ်တော်မွန်များ အတွက် အလုပ်အကျွေး   ပြုရန် စတေးထားသူ ဖြစ်ပါ တယ်။ အနွယ်တော်မွန် အဲဟ်လေ့ဘိုက်(သ) (အ.စ) အကြား မြင့်မား သည့် အဆင့် တခုကို ရရှိထားသူ ဖြစ်ပါတယ်။  အဲဟ်လေ့ဘိုက်(သ) (အ.စ) သည်  သခင်မကြီး (စ.အ) ကို အထူး ရိုသေလေးစားကြပါ တယ်။ အီးဒ်နေ့ရောက်တိုင်း သခင်မကြီး အိမ်သို့ သွားရောက်ကြပြီး အထူးရိုသေလေးစားမှုကို ပြုကြပါ တယ်။

ကိုးကား - ستارہ درخشان مدینه حضرت ام البنین، ص۷.

 ဟဇရသ် ဆရက်ဒ် မဲဟ်မူဒ် ဟိုစိုင်းန် ရှာဟ်ရူဒီ ( ကွန်လွန် ဟီဂျရီ ၁၃၉၄ ၊ ရှအ်ဗန်လ ၁၇ ရက်) ပြောကြားသည်မှာ - ကျွန်ုပ်အနေဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်ရချိန်များ တွင် ဟဇရသ် အဗိုလ် ဖွစ်လေ အဘာစ် (အ.စ)  ၏ မိခင် အွန်မိုလ်ဗနီးန် (စ.အ) သခင်မကြီး အတွက် ဆလ်ဝသ် အကြိမ် ၁၀၀ ဖတ်ရွတ်ပြီး ဟဒီယဟ်ပေးပို့ပါတယ် ။ ထိုသို့ပေးပို့ပြီးနောက် အခက်အခဲများမှ ကောင်းစွာထွက်နိုင်ခဲ့ ပါ တယ်။

ကိုးကား - چهرہ درخشان قمر بنی ہاشم ابوالفضل العباسؑ، ج۱، ص۴۶۴

ဟဇရသ် မိုဟ်စင်အမီးန် (အိုင်ယနိုရှ်ရှီအဟ် ကျမ်းရှင် ) ရေးသားထားသည်မှာ - အွန်မိုလ်ဗနီးန် (စ.အ) သခင်မသည် အရေးအစပ်ကောင်းသည့် ကဗျာဆရာမ တစ်ဦး နှင့် အရပ်အစစ် နှင့် ရဲရင်သည့် မိသားစု၏ မိသားစုဝင် တစ်ဦးဖြစ်ပါတယ်။

ကိုးကား - اعیان الشیعه، ج۸، ص۳۸۹.

ဟဇရသ် မကရွမ် ပြောကြားသည်မှာ - သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) သခင်မသည် ကြီးကျယ် မြင့်မြတ်သည့် အမျိုးသမီးများ မှ တစ်ဦး ဖြစ်ပါသည်။ သခင်မကြီးသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်သည့် အမှန်တရား ကို ကောင်းကောင်း သိသူဖြစ်ပြီး ၎င်းတို့ကို  အရောအနှော မပါဘဲ အချစ်မေတ္တာ ထားသူ ဖြစ်ပါသည်။ သခင်မကြီးကိုယ်တိုင်လည်း အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် အထူးအဆင့် တစ်ခု ကို ရရှိသူဖြစ်ပါတယ်။

ကိုးကား - مقرم،العباسؑ، ص۱۸.

အရပ် ခေတ်သစ်စာရေးဆရာ  အလီမိုဟမ္မဒ် အလီ ဒိုခိုင်းလ် မှ သခင်မကြီး နှင့်ပတ်သက်ပြီး ဤကဲ့သို့ ရေးသား ထားပါသည်။ သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) ၏ ကြီးကျယ် မြင့်မြတ်မှုသည် သခင်မကြီး ၏သားတော် (လေးပါးစလုံး) ၏ ရှဟာဒသ် သတင်းကို ကြားပြီးချိန်တွင် ထင်ရှားစွာ တွေ့မြင်နိုင် မှာ ဖြစ်ပါတယ်။  သားများ ၏ ရှဟာဒသ် သတင်းကို ကြားလျင်ကြားခြင်း သားများအတွက်မည့်သည့် ဝမ်းနည်း ကြေကွဲမှုကို မပြုဘဲ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ လုံခြုံရေး (ဘေးမသင့်ရေး) နှင့်ပတ်သက်ပြီး မေးလေ၏။ တစ်နည်း အားဖြင့်  အေမာမ် ဟိုစိုင်းန် (အ.စ) အားမိမိသားနေရာတွင်ထားပြီး သားများကို သားမဟုတ်ဟုပြခဲ့ခြင်းဖြစ်ပါတယ်။ (တစ်နည်းဆိုရလျင်   မိမိ သားများထက် အေမာမ် ဟိုစိုင်းန် (အ.စ) ကို ပို မိုဦးစားပေး ၊အလေးပေးသည်ကို တွေ့မြင် ရမည်ဖြစ်ပါ တယ်။

ကိုးကား - دخیل، العباسؑ، ص۱۸.

ဘကဲရ် ရှရီးဖ် ကိုရိုင်ရှီး  ( အဘာစ် ဗင်န် အလီ  ၏ ကရာမသ် တော်များ ၏ လက္ခဏာ ဆိုသည့် ကျမ်းရှင် ) သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) နှင့်ပတ်သက်ပြီး ရေး သားထားပါတယ်။ သမိုင်း စာမျက်နှာ တွင် ခင်ပွန်းသည်ပါ သားသမီးများ ကို အရောအနှော မပါဘဲ သန့်သန့်လေး ချစ်ခဲ့သည့် မိခင် မိမိ၏ သားများထက်  ၎င်းခင်ပွန်းသည်ပါ သားသမီးများ ကို ဦးစားပေးရှေ့တန်းတင်သည့် မိခင်ကို မတွေ့ ရသေးပေ။ ဤကြီးကျယ်မြင့်မြတ်သည့် သခင်မကြီး အွန်မိုလ်ဗနီးန် (စ.အ) မှ အပ မရှိချေ။

ကိုးကား -  شریف قرشی، العباس بن علی، ص۲۳.

****************************************************************

END / 251