အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ အိမ်မွေး တိရစ္ဆာန် များ နှင့်ပတ်သက်သည့် ခွမ်းစ် ကိစ္စ ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
ကျနော်အနေဖြင့် ကြက်ကလေးများ ကို ဝယ်ခဲ့ပါတယ်။ အခု အဲကြက်ကလေးများ မှ ကြက်ဖ၊ ကြက်မများ အရွယ်ရောက်နေပါပြီး ။ ကျနော် ခွမ်းစ် ထုတ်ရမည့် ရက်လည်း ရောက်လာပါပြီး။ ဤအတွက်ကြောင့် ၎င်းကြက်များ အတွက်ပါ ခွမ်းစ်ထုတ်ရမည်ဖြစ်ပါသလား ?
အဖြေ
အကယ်၍ ဝင်ငွေ ဖြစ်အောင် အတွက်မဟုတ်ဘဲ အိမ်အတွက်သက်သက်မွေးထားခြင်းမျိုးဆိုလျင် ခွမ်းစ် မထိုက်ချေ။ (အကယ်၍ စီပွားအဖြစ်မွေးထားမည်ဆိုလျင် ခွမ်းစ် ထိုက်ပါသည်။ ခွမ်းစ် ထုတ်ရပါမည်။ )
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251